AMAZING

နေ့စဥ်အမြဲမပြတ် ကြက်တူရွေးအကောင်ပေါင်း ၃၀၀၀ ခန့်ကို အစားကျွေးတဲ့ ငှက်လူသား တစ်ဦး

ငှက်အကောင်ပေါင်း ၃၀၀၀ ခန့်ကို အမြဲအစာကျွေးနေသူကတော့ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မြို့က Harsukh Bhai Dobariya ဆိုတဲ့ မြေပိုင်ရှင်တစ်ယောက်ဖြစ်ပါတယ်။ သူကတော့ ၂၀၀၀ ခုနှစ်လောက်တုန်းက ခြေထောက်ကျိုးခဲ့ပြီး အိပ်ယာထဲမှာ အမြဲနေခဲ့ရသူပါ။ အိမ်နီးချင်းတစ်ယောက် ကောက်နှံတွေဝယ်လာတာကိုမြင်တော့ သူအကြံတစ်ခုရခဲ့ပါတယ်။

အဲဒါကတော့ ကောက်နှံတချို့ကို လသာဆောင်မှာ ထားဖို့ပါ။ ကောက်နှံတချို့ကို လသာဆောင်မှာထားပြီး စောင့်ကြည့်တဲ့အခါ ကြက်တူရွေးလေးတစ်ကောင်ဟာ သူထားထားတဲ့ကောက်နှံကိုစားနေတာကို မြင်တွေ့ရလို့ အလွန်ကြည်နူးခဲ့တယ်လို့ ဆိုပါတယ်။ နောက်နေ့တွေမှာလည်းကောက်နှံတွေကိုထားထားပေးတဲ့အခါ ကြက်တူရွေး ၂ ကောင် နောက် ၄ ကောင် နောက်တဖြည်းဖြည်းများလာပြီး ရာဂဏန်းကျော်လာခဲ့ပါတယ်။

ကြက်တူရွေးတွေကို အစာကျွေးရတဲ့အတွက် သူအလွန်ပျော်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်နီးချင်းတွေအတွက်တော့ သူအစာကျွေးတဲ့ငှက်တွေဟာ များပြားလွန်းတာကြောင့် ဒုက္ခပေးသလိုဖြစ်နေပါတယ်။ ငှက်တွေကို အစာကျွေးချင်လွန်းတဲ့သူဟာ အိမ်နီးချင်းတွေကို စိတ်အနှောက်အယှက်မပေးလိုတာကြောင့် မြို့လယ်က အိမ်ကိုစွန့်ကာ မြို့စွန်မှာ ၄ ဧက မြေကိုဝယ်ကာ လွတ်လွတ်လပ်လပ်ကျွေးပါတော့တယ်။

အခုဆိုရင် သူ့ဆီလာစားတဲ့ ကြက်တူရွေးအကောင်ပေါင်း ၂၅၀၀ ကနေ ၃၀၀၀ ကြားရှိနေပြီဖြစ်ပါတယ်။ သူ့ကိုလည်း လူတချို့က ခုလိုငှက်တွေကို အစားကျွေးလေ့ရှိတာကြောင့် ငှက်လူသားလို့ ခေါ်ကြလေ့ရှိပါတယ်။

Credit – EX

Zawgyi

ေန႕စဥ္အၿမဲမျပတ္ ၾကက္တူေ႐ြးအေကာင္ေပါင္း ၃၀၀၀ ခန႔္ကို အစားေကြၽးတဲ့ ငွက္လူသား တစ္ဦး

ငွက္အေကာင္ေပါင္း ၃၀၀၀ ခန႔္ကို အၿမဲအစာေကြၽးေနသူကေတာ့ အိႏၵိယနိုင္ငံ ဂူဂ်ာရတ္ၿမိဳ႕က Harsukh Bhai Dobariya ဆိုတဲ့ ေျမပိုင္ရွင္တစ္ေယာက္ျဖစ္ပါတယ္။ သူကေတာ့ ၂၀၀၀ ခုႏွစ္ေလာက္တုန္းက ေျခေထာက္က်ိဳးခဲ့ၿပီး အိပ္ယာထဲမွာ အၿမဲေနခဲ့ရသူပါ။ အိမ္နီးခ်င္းတစ္ေယာက္ ေကာက္ႏွံေတြဝယ္လာတာကိုျမင္ေတာ့ သူအႀကံတစ္ခုရခဲ့ပါတယ္။

အဲဒါကေတာ့ ေကာက္ႏွံတခ်ိဳ႕ကို လသာေဆာင္မွာ ထားဖို႔ပါ။ ေကာက္ႏွံတခ်ိဳ႕ကို လသာေဆာင္မွာထားၿပီး ေစာင့္ၾကည့္တဲ့အခါ ၾကက္တူေ႐ြးေလးတစ္ေကာင္ဟာ သူထားထားတဲ့ေကာက္ႏွံကိုစားေနတာကို ျမင္ေတြ႕ရလို႔ အလြန္ၾကည္ႏူးခဲ့တယ္လို႔ ဆိုပါတယ္။ ေနာက္ေန႕ေတြမွာလည္းေကာက္ႏွံေတြကိုထားထားေပးတဲ့အခါ ၾကက္တူေ႐ြး ၂ ေကာင္ ေနာက္ ၄ ေကာင္ ေနာက္တျဖည္းျဖည္းမ်ားလာၿပီး ရာဂဏန္းေက်ာ္လာခဲ့ပါတယ္။

ၾကက္တူေ႐ြးေတြကို အစာေကြၽးရတဲ့အတြက္ သူအလြန္ေပ်ာ္ခဲ့ပါတယ္။ ဒါေပမယ့္ အိမ္နီးခ်င္းေတြအတြက္ေတာ့ သူအစာေကြၽးတဲ့ငွက္ေတြဟာ မ်ားျပားလြန္းတာေၾကာင့္ ဒုကၡေပးသလိုျဖစ္ေနပါတယ္။ ငွက္ေတြကို အစာေကြၽးခ်င္လြန္းတဲ့သူဟာ အိမ္နီးခ်င္းေတြကို စိတ္အႏွောက္အယွက္မေပးလိုတာေၾကာင့္ ၿမိဳ႕လယ္က အိမ္ကိုစြန႔္ကာ ၿမိဳ႕စြန္မွာ ၄ ဧက ေျမကိုဝယ္ကာ လြတ္လြတ္လပ္လပ္ေကြၽးပါေတာ့တယ္။

အခုဆိုရင္ သူ႕ဆီလာစားတဲ့ ၾကက္တူေ႐ြးအေကာင္ေပါင္း ၂၅၀၀ ကေန ၃၀၀၀ ၾကားရွိေနၿပီျဖစ္ပါတယ္။ သူ႕ကိုလည္း လူတခ်ိဳ႕က ခုလိုငွက္ေတြကို အစားေကြၽးေလ့ရွိတာေၾကာင့္ ငွက္လူသားလို႔ ေခၚၾကေလ့ရွိပါတယ္။

Credit – EX