AMAZING

စိတ်ပျက်ဖွယ် အဝလွန်နေတဲ့ခန္ဓာကိုယ်မှ လူတိုင်းကအားကျရလောက်ရတဲ့ ခန္ဓာကိုယ်မျိုးဖြစ်လာအောင် ပြောင်းလဲနိုင်ခဲ့သူ

မလျော့သော ဇွဲလုံ့လတို့ဖြင့် အမြဲတမ်းကြိုးစားကာ လျှောက်လှမ်းနေမည်ဆိုလျှင် တစ်နေ့တွင် အောင်မြင်သော ပန်းတိုင်ဆီသို့ရောက်ရှိနိုင်မည်မှာ အသေအခါပင်ဖြစ်ပါတယ်။ယခုတွင်လည်း အသက်၂၇နှစ်အရွယ်ရှိနေပြီဖြစ်သော Tui Nui ဆိုသည့်ကောင်မလေးသည် အလေးချိန် ၁၃၃ကီလိုဂရမ်အထိရှိအောင် အဝလွန်နေခဲ့တာဖြစ်ပါတယ်။

သူမဟာ အစပိုင်းတွင် ခန္ဓာကိုယ်အဆီကျစေမည့် ဆေးများကို သောက်သုံးခဲ့သော်လည်း အဆင်မပြေဘဲ ပိုမိုဆိုးဝါးလာခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ကောင်မလေးဟာ ကိုယ်တိုင်လေ့ကျင့်ခန်းလုပ်ဆောင်ပြီး ကြိုးစားမှသာ အဆင်ပြေတော့မည်ကို သတိပြုမိခဲ့ပါတယ်။

ကောင်မလေးဟာ နေ့စဉ်လေ့ကျင်ခန်းများလုပ်ကာ မနားတမ်းကြိုးစားလုပ်ဆောင်ခဲ့ပြီး အစားအသောက်များကိုလည်း ကျန်းမာရေးနှင့်ညီညွတ်အောင် စားသောက်ပြီး ပြုပြင်နိုင်ခဲ့တာဖြစ်ပါတယ်။

Credit – Shoon (Cele Daily)

Zawgyi




