INTERNATIONAL NEWS

မြန်မာပြည်က ငယ်ချစ်ဦးကို စိတ်ပူကြောင်းပြောလာတဲ့ သစ္စာကြီးသူ ဂျပန်အဖိုးအို

ဒီနေ့ရဲ့ အမှတ်တရအဖြစ်အပျက်လေး …

ဒီနေ့ ကျောင်းက Dormitory ကို ဂျပန်လူမျိုးအဘိုးတယောက်ရောက်လာတယ်ုယ့်ကို တွေ့တွေ့ချင်း လက်သုံးချောင်ထောင်ပီး ငိုပါလေရော .. ဘာလို့များလဲပေါ့ မေးကြည့်တော့မှ မြန်မာအခြေနေကို သူအရမ်းစိတ်ပူလို့တဲ့။ ပြီးတော့ သူ့မိန်းကလေးကို စိတ်ပူလို့ဆိုပီး သူ့အကြောင်းကို ပြောပြတယ်။

အဘိုးရဲ့ ဇတ်လမ်းလေး က သူ အသက် ၂၀ လောက်က မြန်မာပြည်ကို အလည်လာရင်း မြန်မာ မလေးနဲ့ ကြိုက်သွားတာ။ အဲ့ မြန်မာမလေးရဲ့ အိမ်က အဘိုးနဲ့ လူမျိုးခြားမို့ သဘောမတူဘူး။ အဲ့လိုနဲ့ အဘိုးဂျပန်ပြန်မဲ့ အချိန် သူ့ကောင်မလေးကိုပါဂျပန်ကို ခေါ်သွားပီး ထွက်ပြေးဖို့ လုပ်ရင်း အဲ့နေ့မှာပဲ ကောင်မလေး အိမ်က သိသွားလို့ အဘိုးတယောက်ထဲ ဂျပန်ကို ပြန်လာလိုက်ရတယ်တဲ့။

ဂျပန်ပြန်ရောက်ထဲက အဘိုးက Depression ဖြစ်ပီး ၂နှစ်လောက် ကုလိုက်ရတယ်။ အဘိုးအသက် ၃၀ မှ တခါ ၃၅ နှစ်မှာတခါ မြန်မာကို ပြန်ပီး သူ့ကောင်မလေးကို လိုက်ရှာတယ်တဲ့။ ကောင်မလေးက အိမ်ပြောင်းသွားပီး ဖုန်းနံပါတ်ကလဲ မရှိတော့ ဘယ်လိုမှ အဆက်သွယ်ပြန်မရတော့ဘူးတဲ့။ ၅ နှစ်တခါ မြန်မာကို ပြန်ဖို့ သူကောင်မလေးနဲ့ အတူနေဖို့ ပိုက်ဆံတွေ ကြိုးစားရှာပီးနောက်ဆုံး အခု အဘိုး အသက် ၇၀ ထိ သူမျှော်လင့်ချက်တွေ မပျက်သေးဘူးတဲ့ အခုထိ covid ပီးတာနဲ့ မြန်မာကို သွားမယ်ဆိုတာကြီးပဲ ..

အခုချိန်မှာ သူ့မိန်းကလေး နာမည်ပဲ သူသိတော့ပီး အဲ့နံမည်လေးတခုထဲနဲ့ တခြားနိုင်ငံကို သွားသွားရှာနေတာ အဘွားကတော့ ဒီအကြောင်းတွေသိပါ့မလား။ အခုလဲ ဒီ မြို့မှာ မြန်မာရှားတော့ ဒီကျောင်းမှာ မြန်မာရှိတယ်ဆိုတာသိသိချင်း အသီးအနှံတွေ နဲ့ မုန့်တွေ ယူလာပီးပေးတယ် ။

အဘိုးကိုမေးကြည့်တယ်။ နှစ်တွေကြာနေပီ အဘွားကို မှတ်မိပါ့မလား ပုံလဲ မရှိတော့ဘူးဆိုတော့ .. သူ့ရင်ထဲ က အဘွားပုံကို တော့ဖျောက်လို့မရဘူး တဲ့
ပြီးတော့ပြောသေးတယ် သူမိန်းကလေးနဲ့နောက်ဆုံး မခွဲခင်မှာ ကတိပေးခဲ့တယ်တဲ့ သူအသက်ရှိနေသရွေ့ ပြန်လာရှာပါ့မယ်လို့တဲ့ .. အဘိုးရဲ့ ကတိကတော့ အခုထိတည်နေတုန်း။

အဘွားရဲ့ နံမည်က ခင်အေး တဲ့ …

(Credit)

Zawgyi

ဒီေန႕ရဲ႕ အမွတ္တရအျဖစ္အပ်က္ေလး …

ဒီေန႕ ေက်ာင္းက Dormitory ကို ဂ်ပန္လူမ်ိဳးအဘိုးတေယာက္ေရာက္လာတယ္ုယ့္ကို ေတြ႕ေတြ႕ခ်င္း လက္သုံးေခ်ာင္ေထာင္ပီး ငိုပါေလေရာ .. ဘာလို႔မ်ားလဲေပါ့ ေမးၾကည့္ေတာ့မွ ျမန္မာအေျခေနကို သူအရမ္းစိတ္ပူလို႔တဲ့။ ၿပီးေတာ့ သူ႕မိန္းကေလးကို စိတ္ပူလို႔ဆိုပီး သူ႕အေၾကာင္းကို ေျပာျပတယ္။

အဘိုးရဲ႕ ဇတ္လမ္းေလး က သူ အသက္ ၂၀ ေလာက္က ျမန္မာျပည္ကို အလည္လာရင္း ျမန္မာ မေလးနဲ႕ ႀကိဳက္သြားတာ။ အဲ့ ျမန္မာမေလးရဲ႕ အိမ္က အဘိုးနဲ႕ လူမ်ိဳးျခားမို႔ သေဘာမတူဘူး။ အဲ့လိုနဲ႕ အဘိုးဂ်ပန္ျပန္မဲ့ အခ်ိန္ သူ႕ေကာင္မေလးကိုပါဂ်ပန္ကို ေခၚသြားပီး ထြက္ေျပးဖို႔ လုပ္ရင္း အဲ့ေန႕မွာပဲ ေကာင္မေလး အိမ္က သိသြားလို႔ အဘိုးတေယာက္ထဲ ဂ်ပန္ကို ျပန္လာလိုက္ရတယ္တဲ့။

ဂ်ပန္ျပန္ေရာက္ထဲက အဘိုးက Depression ျဖစ္ပီး ၂ႏွစ္ေလာက္ ကုလိုက္ရတယ္။ အဘိုးအသက္ ၃၀ မွ တခါ ၃၅ ႏွစ္မွာတခါ ျမန္မာကို ျပန္ပီး သူ႕ေကာင္မေလးကို လိုက္ရွာတယ္တဲ့။ ေကာင္မေလးက အိမ္ေျပာင္းသြားပီး ဖုန္းနံပါတ္ကလဲ မရွိေတာ့ ဘယ္လိုမွ အဆက္သြယ္ျပန္မရေတာ့ဘူးတဲ့။ ၅ ႏွစ္တခါ ျမန္မာကို ျပန္ဖို႔ သူေကာင္မေလးနဲ႕ အတူေနဖို႔ ပိုက္ဆံေတြ ႀကိဳးစားရွာပီးေနာက္ဆုံး အခု အဘိုး အသက္ ၇၀ ထိ သူေမွ်ာ္လင့္ခ်က္ေတြ မပ်က္ေသးဘူးတဲ့ အခုထိ covid ပီးတာနဲ႕ ျမန္မာကို သြားမယ္ဆိုတာႀကီးပဲ ..

အခုခ်ိန္မွာ သူ႕မိန္းကေလး နာမည္ပဲ သူသိေတာ့ပီး အဲ့နံမည္ေလးတခုထဲနဲ႕ တျခားနိုင္ငံကို သြားသြားရွာေနတာ အဘြားကေတာ့ ဒီအေၾကာင္းေတြသိပါ့မလား။ အခုလဲ ဒီ ၿမိဳ႕မွာ ျမန္မာရွားေတာ့ ဒီေက်ာင္းမွာ ျမန္မာရွိတယ္ဆိုတာသိသိခ်င္း အသီးအႏွံေတြ နဲ႕ မုန့္ေတြ ယူလာပီးေပးတယ္ ။

အဘိုးကိုေမးၾကည့္တယ္။ ႏွစ္ေတြၾကာေနပီ အဘြားကို မွတ္မိပါ့မလား ပုံလဲ မရွိေတာ့ဘူးဆိုေတာ့ .. သူ႕ရင္ထဲ က အဘြားပုံကို ေတာ့ေဖ်ာက္လို႔မရဘူး တဲ့
ၿပီးေတာ့ေျပာေသးတယ္ သူမိန္းကေလးနဲ႕ေနာက္ဆုံး မခြဲခင္မွာ ကတိေပးခဲ့တယ္တဲ့ သူအသက္ရွိေနသေ႐ြ႕ ျပန္လာရွာပါ့မယ္လို႔တဲ့ .. အဘိုးရဲ႕ ကတိကေတာ့ အခုထိတည္ေနတုန္း။

အဘြားရဲ႕ နံမည္က ခင္ေအး တဲ့ …

(Credit)