AMAZING

ကမ္ဘာပေါ်မှာရှိတဲ့ ပြတိုက်များထဲမှ တစ်ခုတည်းသာရှိတဲ့ ရှားပါးပစ္စည်းများ

အပြည်ပြည်ဆိုင်ရာ ပြတိုက်ကောင်စီရဲ့ အဆိုအရ နိုင်ငံပေါင်း ၂၀၂ နိုင်ငံ ၌ ပြတိုက်ပေါင်း ၅၅၀၀၀ ရှိတယ်လို့ သိရပါတယ်။ သူတို့ထဲက တော်တော်များများဟာ ကမ္ဘာပေါ်တွင် ဘယ်နေရာမှာမှ မမြင်ရနိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပြီး နှစ်ပေါင်း ၃၅၀၀ သက်တမ်းအကြာ ထိန်းသိမ်းထားခဲ့တဲ့ အမဲသား၊ လွန်ခဲ့တဲ့ နှစ် ၇၀၀ လောက်က Nogorvod မှာနေထိုင်တဲ့ ၇ နှစ်အရွယ်ကောင်လေးရဲ့ပုံ ပန်းချီတွေ အစရှိတဲ့အရာတွေဘဲ ဖြစ်ပါတယ်။ ဒီပြတိုက်တွေထဲမှာ နှစ်ပေါင်း ၂၀၀၀ ရှိပြီဖြစ်တဲ့ ရောမ အုတ်မြစ်တွေတောင်တွေ့ရနိုင်ပါတယ်။

(၁) ဒီအရုပ်ဟာ ရောင်စုံဆင်စွယ်နဲ့ ပြုလုပ်ထားတဲ့ ရှေးဟောင်း ရောမ ရုပ်ဖြစ်ပါတယ်။ အဲ့ဒီအရုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၈၀၀ လောက်က sarcophague တွင် အသက်ရှင်နေထိုင်ခဲ့တဲ့ ၈ နှစ်အရွယ် ကလေးတစ်ယောက်က တွေ့ရှိထားတာဖြစ်ပါတယ်။

(၂) လွန်ခဲ့သော နှစ်ပေါင်း ၁၁၀၀ နှင့် ၁၄၀၀ အတွင်းက ခေါင်းစွပ်ပါတဲ့ ကလေးတစ်ယောက်ရဲ့ အင်္ကျီ။

(၃) ကာဗွန်နိုက်ဓာတ်ကြောင့် ယခုချိန်ထိ တစ်စိတ်တစ်ပိုင်း ကို ထိန်းသိမ်းထားနိုင်သော ပေါင်မုန့်တစ်လုံး ဖြစ်ပါတယ်။ ဒီ ပေါင်မုန့် ဟာ နှစ်ပေါင်း ၁၉၄၀ ကျော်ရှိပြီဖြစ်ပါတယ်။

(၄) ၁၇ နှစ်ရာစုက ပလိပ်ကပ်ရောဂါကု ဆရာ၀န်တစ်ယောက် အသုံးပြုခဲ့တဲ့ မျက်နှာဖုံး။

(၅) ဒီအရာကတော့ နှစ်ပေါင်း ၃၅၀၀ သက်တမ်းရှိပြီဖြစ်တဲ့ အမဲသားတုံးဘဲဖြစ်ပါတယ်။

(၆) နောက်ထပ်နှစ်ပေါင်း ၃၅၀၀ ရှိတဲ့အစာ ခွက်တစ်ခုဖြစ်ပြီး အထဲမှာတော့ မူလပုံစံအတိုင်း ပုံမပျက်ဘဲ ရှိနေတဲ့ ဘဲသားပါဝင်ပါတယ်။

(၇) ၁၇ ရာစုက သံနဲ့ပြုလုပ်ထားတဲ့ လက်အတု ။

(၈) ၁၅၈၄ ခုနစ်က Pantanazzi မိသားစု၏ အလုပ်ရုံတခုတွင် ပြုလုပ်ခဲ့သော Apollo နဲ့ Muses ရုပ်ပုံများပါ တဲ့ inkstand တစ်ခုဖြစ်ပါတယ်။

(၉) ၁၆၀၀ ပြည့်နှစ်တွင် အီတလီ၌ ပြုလုပ်ခဲ့​သော ဖာဒီနန် ၂ ရောမဧကရာဇ်ဘုရင်၏ သံချပ်ကာ။

(၁၀) ပုပ်ရဟန်းမင်းကြီး ကလီးမင့် (၁၁) ၏ရထားကို ခေတ်မီဆန်းပြားတဲ့ ဒီဇိုင်းပုံစံဖြင့် ပြုခဲ့ပုံ ( ပုပ်ရဟန်းမင်းကြီးကာလ ၁၇၀၀ မှ ၁၇၂၁ အထိ )။

(၁၁) နှစ်​ပေါင်း ၂၀၀၀ သက်တမ်းရှိပြီဖြစ်​သော ရိုမန် မိတ်ကပ်​‌ ဖောင်ဒေးရှင်း။

Credit