Love & Relationship

ချစ်သူ စုံတွဲတွေရဲ့ အိမ်မက်လေးအတိုင်း သာယာလှပသော တောတောင်မြေမှာ အေးချမ်းစွာနေထိုင်ပြီး လူတိုင်းလိုချင်တဲ့ ဘဝမျိုး ပိုင်ဆိုင်ထားတဲ့ ဇနီးမောင်နှံ

လူတိုင်းဟာ မိမိ၏ချစ်မြတ်နိုးရသော ချစ်သူလေးနှင့်အတူ သာယာချမ်းမြေ့ဖွယ်ဘဝမျိုးကို ပိုင်ဆိုင်လိုကြပေသည်။ဗီယက်နမ်နိုင်ငံမှ စုံတွဲနှစ်ဦးဟာလည်း လူတိုင်း၏စိတ်ကူးထဲကထက် ပိုသောခမ်းနားမှုလေးတွေဖြင့် ပြည့်နှက်နေသည့် ဘဝမျိုးကို ပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ် ။

Thanh An နှင့် My Thuanတို့ဇနီးမောင်နှံလေးဟာ တောတောင်ထဲတွင် သွားရောက်နေထိုင်ပြီး အေးချမ်းဖွယ်သဘာဝပတ်ဝန်းကျင်နှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းများကို အတူကြိုးစားရင်း နေထိုင်ကြတာဖြစ်ပါတယ်။သူတို့နှစ်ဦး၏ နေအိမ်ပတ်ဝန်းကျင်နှင့် အေးချမ်းမှုတွေဟာ အလွန်ခမ်းနားလွန်းလှပြီး မြင်တွေ့သူတိုင်းဟာ အားကျနေခဲ့ရပြီး မနာလိုပင်ဖြစ်စေခဲ့ရပါတယ်။

သူတို့နှစ်ဦးဟာ စိမ်းလန်းစိုပြေလှသော ပတ်ဝန်းကျင်၏အလယ်တွင် နေစရာအိမ်ကလေးနှင့်အတူ ဘေးနားတွင် စိုက်ပျိုးထားသော စားပင်သီးပင်လေးများနှင့် ပန်းဥယျာဉ်လေးနှင့်အတူ နေထိုင်ကြရတာဟာ အလွန်ကြည်နူးမိစေခဲ့ပါတယ်။

Credit – Shoon (Cele Daily)

Zawgyi




