Love & Relationship

ပိုက်ဆံမကုန်ပဲ ဆံပင်ပုံစံအမျိုးမျိုးပြောင်းပြီး ညှပ်ချင်တာကြောင့် ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကောင်လေးကို လက်ထပ်ယူခဲ့တဲ့ ကောင်မလေးတစ်ဦး

ပိုက်ဆံမကုန်ပဲ ဆံပင်ပုံစံအမျိုးမျိုးပြောင်းပြီး ညှပ်ချင်တာကြောင့် ဆံပင်ညှပ်ဆိုင်ပိုင်ရှင်ကောင်လေးကို လက်ထပ်ယူခဲ့တဲ့ ကောင်မလေးတစ်ဦး

လူသားတို့အတွက် ငွေကြေးဟာအလွန်အရေးပါလှသည့်အတွက် ပိုက်ဆံများကို အပိုမကုန်စေရန် လူတိုင်းဟာ သေချာစေ့စပ်စွာ အသုံးပြုတတ်ကြပါတယ်။လူငယ်လူရွယ်များအတွက်မူ ငွေကြေးမှာ ပို၍ပင်အရေးကြီးနေခဲ့ပါတယ်။အကြောင်းမှာ ငယ်ရွယ်စဥ်တွင် လှလိုသောကြောင့် အသုံးစရိတ်များစွာကို သုံးစွဲရတာဖြစ်ပါတယ်။

သို့ဖြစ်၍ ယခုတွင်လည်း ဗီယက်နမ်နိုင်ငံမှ Da Nangဆိုသည့် အသက်၂၃နှစ်အရွယ်ကောင်မလေးသည် ဆံပင်ပုံစံကို အမျိုးမျိုးပြောင်းလဲပြီး ပြုပြင်ချင်နေခဲ့ပါတယ်။ ဆံပင်ညှပ်ရာတွင်လည်း ပိုက်ဆံအကုန်အကျများသည့်အတွက် ကောင်မလေးဟာ ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ကောင်လေးချောချောတစ်ယောက်ကို ရှာဖွေလက်ထပ်ယူခဲ့ပါတယ်။

ကောင်မလေးဟာ ဆိုင်ပိုင်ရှင်ကောင်လေးနှင့် ရင်းနှီးမှုရရှိစေရန် ၅လလောက်အချိန်ယူခဲ့ရပြီး လိုင်းပေါ်မှတစ်ဆင့် စကားစပြောခဲ့ခြင်းဖြစ်ကာ အခုတွင်တော့ လက်ထပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။

KK Daily News(JAZZ)

Zawgyi





KK Daily News(JAZZ)