Daily News

မိဘနှစ်ပါးလုံးကို တစ်ပြိုင်တည်းဆုံးရှုံးလိုက်ရတဲ့ အချိန်မှာ ပြည်သူတွေ ဝိုင်းဝန်းကူညီပေးကြလို့ ကျေးဇူးစကားဆိုလာသူ ကျန်ရစ်သူလေး

မဂ်လာပါ ပရိတ်သတ်ကြီးရေ

ပြည်သူလူထုကတော့ အခုချိန်မှာဆိုရင် ခက်ခဲနေသူတိုင်းကို စေတနာ၊မေတ္တာအပြည့်နဲ့ ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။ဒီကာလမှာလူသားချင်းစာနာ ထောက်ထားမှု အပြည့်ရှိကြပြီး အရာရာကို တစ်စိတ် တစ်ဝမ်းတည်းရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

ဇွန်လ (၇) ရက်ဘနေ့ည ကဖြစ်ပွားခဲ့တဲ့ ကားတိုက်မှု ကြောင့် ဘဝ တစ်ပါးသို့ကူးပြောင်းသွားတဲ့ သူတွေ အတွက်လည်း ပြည်သူတွေက ကျန်ရစ်သူမိသားစုနဲ့ထပ်တူ ဝမ်းနည်းနေကြတာ ဖြစ်ပါတယ်။သေဆုံးသွားတဲ့ထဲမှာ (၁၆) နှစ်အရွယ် ကောင်လေး တစ်ယောက်ရဲ့ မိဘနှစ်ပါးလုံးပါဝင်နေတာဖြစ်ပါတယ်။ ကျောင်းတောင် မပြီးသေးဘဲ မိဘတွေကို အားကိုးနေ ရဆဲ ဖြစ်တဲ့ ကောင်လေးအတွက် ပြည်သူ လူထု ကလည်း စိတ်ထိခိုက်နေရတာဖြစ်ပါတယ်။

ဒါ့ကြောင့် ကလေးရဲ့ဘဝရှေ့ ရေးအတွက် တတ် နိုင်သလောက် ကူညီပေးဖို့ စေတနာရှင် တစ်ဦးက ဦးဆောင်ပြီး အလှူငွေကောက်ခံခဲ့တာဖြစ်ပါတယ်။
ပြည်သူ တွေကလည်း အလှူငွေတွေ ပါဝင် လှူဒါန်းကြ ပြီး ကလေးအတွက် တစ်တပ် တစ်အား ကူညီဖေးမပေး ကြတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ (၁၆) နှစ်အရွယ် လူငယ်လေးလည်း အားတင်းပြီး ရှေ့ဆက် လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

ပြည်သူတွေ ကတော့ မသေသင့်ဘဲ သေခဲ့ရတဲ့ သူ တွေ အတွက် တ ရားမျှတမှုရပါစေ ဆိုပြီးတော့လည်း ဝိုင်းဝန်းဆုတောင်းပေးနေကြတာဖြစ်ပါတယ်။အခုဆို ရင်တော့ စေတနာရှင် တစ်ဦးက အလှူငွေ ကောက် ခံ ထားလို့ ရရှိ လာတဲ့ ငွေကြေးအားလုံးကို ကလေးနဲ့တွေ့ဆုံပြီး ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အခုလို လှူဒါန်းပေးကြတဲ့ အလှူရှင် တစ်ယောက်ချင်းစီကို ကလေးကလည်း ကျေးဇူးတင် စကားပြော လိုက်သေးတာ ဖြစ်ပါတယ်။မိဘ နှစ်ပါးစလုံး ကို တစ်ပြိုင် တည်းဆုံးရှုံးလိုက် ရတဲ့ ကလေးကို ဝိုင်းဝန်းကူညီပေးကြတဲ့ ပြည်သူ တွေရဲ့စေတနာကို ပီတိ ဖြစ်မိရင်းပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဖတ်ရှူ့ပေးတဲ့ ပရိတ်သတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်နော်။

Source&Photo Credit: Original Uploder