KNOWLEDGE

နေထိုင်မှုပုံစံကြောင့် အိမ်ယာမဲ့လို့ အထင်ခံရပြီး ဘတ်စ်ကားပေါ်မတက်ဖို့ တားမြစ်ခံခဲ့ရတဲ့ ရူပဗေဒပါမောက္ခတစ်ဦးရဲ့ ဘဝဖြတ်သန်းပုံ

နေထိုင်မှုပုံစံကြောင့် အိမ်ယာမဲ့လို့ အထင်ခံရပြီး ဘတ်စ်ကားပေါ်မတက်ဖို့ တားမြစ်ခံခဲ့ရတဲ့ ရူပဗေဒပါမောက္ခတစ်ဦးရဲ့ ဘဝဖြတ်သန်းပုံ

ဖိလစ်ပိုင်နိုင်ငံ Polytechnic University of the Philippines (PUP) မှာ တာဝန်ထမ်းဆောင်နေတဲ့ ရူပဗေဒပါမောက္ခတစ်ဦးကတော့ သူ့ရဲ့ အဝတ်အစားခပ်စုတ်စုတ်၊ ရှည်လျှားလှတဲ့ မုတ်ဆိတ်မွေးဖြူဖြူ၊ ဆံပင်ဖြူဖြူတွေကြောင့် Jeepney ဆရာက သူ့ကို အိမ်ယာမဲ့နဲ့မှားပြီး ကားပေါ်ကို တက်ခွင့်မပြုခဲ့ပါဘူး။Jeepney ဆိုတာ ဖိလစ်ပိုင်တစ်ခွင်မှာ အသုံးများနေတဲ့ ဂျစ်ကားနဲ့ဝန်ဆောင်မှုပေးတဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေး စနစ်တစ်ခု ဖြစ်ပါတယ်။

ရူပါဗေဒပါမောက္ခဟာ ကားစီးမယ်လုပ်တော့ ဘက်စ်ကားဆရာတွေက သူ့ကို ကားပေါ်တက်ခွင့် မပေးပါဘူး။ ဒါကို သူနဲ့အတူပါလာတဲ့ လုပ်ဖော်ကိုင်ဘက်ဆရာတစ်ဦးက မျက်မြင်သက်သေအဖြစ် ရှိနေခဲ့ပါတယ်။အဆိုပါ ပါမောက္ခအမည်မှာ Ruben Madridejos ဖြစ်ပြီး သူ့ကို Madri လို့လည်း ခေါ်ကြပါတယ်။ သူဟာ Polytechnic University of the Philippines (PUP) တက္ကသိုလ်၊ College of Science မှာတည်ရှိတဲ့ ရူပဗေဒသိပ္ပံပညာဌာနမှာ ပါမောက္ခရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူပါ။

ပါမောက္ခ Madri ဟာ ဂျာမနီနိုင်ငံမှ ရူပဗေဒမဟာဘွဲ့ကို ရယူခဲ့ပြီးနောက် ဖိလစ်ပိုင်မှာ ပါမောက္ခရာထူးနဲ့ တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ သူဟာ အထက်တန်း၊ ကောလိပ်စသည်တို့မှာ ပညာရေးဘက် အလွန်ထူးချွန်ခဲ့တာကြောင့် (၁၉၈၁)ခုနှစ်မှာ ဂျာမနီနိုင်ငံကို ပညာတော်သင်ဆု စေလွှတ်ခံခဲ့ရပြီး Master of Science in Geophysics ဘွဲ့ကို ထူးချွန်စွာ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂျာမန်နဲ့အင်္ဂလိပ်စကားကိုလည်း ကျွမ်းကျင်စွာ ပြောဆိုနိုင်သူပါ။အခုတော့ ပါမောက္ခ Madri ဟာ သူရဲ့ ဖိုသီဖက်သီနေတဲ့ပုံစံ၊ ဖြူစွတ်နေတဲ့ မုတ်ဆိတ်ကျင်စွယ်တွေကြောင့် Jeepney ဆရာတွေက သူ့ကို ပါမောက္ခပါလို့ပြောလည်း ယုံမှာမဟုတ်ကြပါဘူး။

ဒါကြောင့် အိမ်ယာမဲ့လို့ ထင်ပြီး သူ့ကို ကားပေါ်ပေးတက်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ Madri နဲ့အတူ လုပ်ဖော်ကိုင်ဘက်ဆရာမတစ်ဦးဖြစ်တဲ့ Rozel Billones လည်း ရှိနေခဲ့ပါတယ်။သူမရဲ့အပြောအရ Madri ကိုကြည့်ပြီး ဘက်စ်ကားဒရိုင်ဘာတွေ အားလုံးက နေရာလွတ်မရှိတော့ဘူးလို့ ပြောဆိုကြတယ်လို့ဆိုပါတယ်။ ဒါပေမယ့် တစ်ခြားခရီးသည်တွေကိုတော့ ဘာမှမပြောဘဲ ကားပေါ်ကိုတက်စေတယ်လို့ ဆိုပါတယ်။ နောက်ဆုံး Rozel က နေရာပေးဖို့လှမ်းခေါ်မှ ပါမောက္ခ Madri ခမျာ ဘက်စ်ကားပေါ်တက်ခွင့်ရခဲ့ပါတယ်။

ဒါတောင် ခရီးသည်တစ်ဦးက နေရာပေးဖို့ ငြင်းဆန်နေလို့ Madri က သူလည်း ဒီနိုင်ငံသားတစ်ယောက်ဖြစ်ကြောင်း၊ ဘာဖြစ်လို့ နေရာမပေးချင်ကြတာလဲလို့ မေးတဲ့အခါ လူတွေက စကားမပြောချင်တာလိုလိုနဲ့ မျက်နှာကို လွှဲခဲ့ကြောင်း၊ ဒါကို Rozel က ဒေါသဖြစ်နေပေမယ့် သူမရဲ့ လူမှုကွန်ယက်သူငယ်ချင်းတွေက ပါမောက္ခအတွက် စကားများရန်ဖြစ်ဖို့ မတော်ကြောင်း၊ လူဆိုတာ ဒီလိုပဲ ပြင်ပအသွင်အပြင်ကိုကြည့်ပြီး အပေါ်ယံဆုံးဖြတ်တတ်ကြကြောင်း သတိပေးခဲ့ကြရတယ်လို့ သိရပါတယ်။

Credit – EX