Love & Relationship

သမီးလေးရဲ့ ကျောင်းဆင်းပွဲနေ့မှာ အလုပ်လုပ်ရင်းကနေ ပန်းစည်းလေးကိုင်ကာ ကျောင်းသို့လာရောက်၍ ဂုဏ်ပြုပေးခဲ့တဲ့ မိခင်တစ်ဦး

ထိုင်းနိုင်ငံမှ အသက် ၅၀ကျော်အရွယ် မိခင်တစ်ဦးဟာ အထက်တန်းတွင် တက်ရောက်နေသော သမီးလေးရဲ့နောက်ဆုံးကျောင်းဆင်းပွဲနေ့တွင် ပန်းစည်းလေးနှင့်အတူ ဂုဏ်ပြုရန် ကျောင်းရှေ့တွင် စောင့်မျှော်နေသော ပုံရိပ်လေးဟာ သမီးလေးအပေါ်အရမ်းချစ်ကြောင်းကို ပေါ်လွင်နေပြီး အားလုံး၏ ရင်ထဲကို ထိမိစေခဲ့ပါတယ်။

မိခင်ဖြစ်သူဟာ စားဝတ်နေရေးအတွက် ဘူးခွံများကောက်ရောင်းကာ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ကိုယ်တိုင်မှာ စီးနေကျ ဖိနပ်လေးပြတ်သွားတာတောင် ဝယ်မစီးပဲ သမီးလေး၏ ကျောင်းဆင်းပွဲနေ့ကျ မမေ့မလျော့ပဲ ရောင်စုံပန်းစည်းလေးကို မရှိမဲ့ရှိမဲ့ ပိုက်ဆံလေးနှင့်ဝယ်ယူခဲ့ပါတယ်။

ထို့နောက် မိခင်ဖြစ်သူက သူမရဲ့ပုံစံကိုမြင်ပြီး သမီးလေးမှာ သူငယ်ချင်းအပေါင်းအသင်းတွေကြား ရှက်နေမည်စိုး၍ ကျောင်းဝိုင်းထဲသို့ ဝင်မသွားပဲ အဝေးကနေသာ လှမ်းကြည့်ရင်း စောင့်နေခဲ့ရှာပါတယ်။

Credit – Hlaing (Love Feeling)

Zawgyi

သမီးေလးရဲ႕ ေက်ာင္းဆင္းပြဲေန႕မွာ အလုပ္လုပ္ရင္းကေန ပန္းစည္းေလးကိုင္ကာ ေက်ာင္းသို႔လာေရာက္၍ ဂုဏ္ျပဳေပးခဲ့တဲ့ မိခင္တစ္ဦး

ထိုင္းနိုင္ငံမွ အသက္ ၅၀ေက်ာ္အ႐ြယ္ မိခင္တစ္ဦးဟာ အထက္တန္းတြင္ တက္ေရာက္ေနေသာ သမီးေလးရဲ႕ေနာက္ဆုံးေက်ာင္းဆင္းပြဲေန႕တြင္ ပန္းစည္းေလးႏွင့္အတူ ဂုဏ္ျပဳရန္ ေက်ာင္းေရွ႕တြင္ ေစာင့္ေမွ်ာ္ေနေသာ ပုံရိပ္ေလးဟာ သမီးေလးအေပၚအရမ္းခ်စ္ေၾကာင္းကို ေပၚလြင္ေနၿပီး အားလုံး၏ ရင္ထဲကို ထိမိေစခဲ့ပါတယ္။

မိခင္ျဖစ္သူဟာ စားဝတ္ေနေရးအတြက္ ဘူးခြံမ်ားေကာက္ေရာင္းကာ အသက္ေမြးဝမ္းေက်ာင္းျပဳခဲ့ၿပီး ကိုယ္တိုင္မွာ စီးေနက် ဖိနပ္ေလးျပတ္သြားတာေတာင္ ဝယ္မစီးပဲ သမီးေလး၏ ေက်ာင္းဆင္းပြဲေန႕က် မေမ့မေလ်ာ့ပဲ ေရာင္စုံပန္းစည္းေလးကို မရွိမဲ့ရွိမဲ့ ပိုက္ဆံေလးႏွင့္ဝယ္ယူခဲ့ပါတယ္။

ထို႔ေနာက္ မိခင္ျဖစ္သူက သူမရဲ႕ပုံစံကိုျမင္ၿပီး သမီးေလးမွာ သူငယ္ခ်င္းအေပါင္းအသင္းေတြၾကား ရွက္ေနမည္စိုး၍ ေက်ာင္းဝိုင္းထဲသို႔ ဝင္မသြားပဲ အေဝးကေနသာ လွမ္းၾကည့္ရင္း ေစာင့္ေနခဲ့ရွာပါတယ္။

Credit – Hlaing (Love Feeling)