AMAZING

သားသမီး ၄ယောက်ကို ပညာတတ်ကြီးဖြစ်စေချင်တာကြောင့် ပတ်ဆံခြွေတာတဲ့ အနေနဲ့ ခေါက်ဆွဲပြုတ်သာစားရင်း အလုပ်လုပ်ကျွေးနေခဲ့တဲ့ ဖခင်တစ်ဦး

သားသမီး ၄ယောက်ကို ပညာတတ်ကြီးဖြစ်စေချင်တာကြောင့် ပတ်ဆံခြွေတာတဲ့ အနေနဲ့ ခေါက်ဆွဲပြုတ်သာစားရင်း အလုပ်လုပ်ကျွေးနေခဲ့တဲ့ ဖခင်တစ်ဦး

ဖခင်တစ်ဦးရဲ့ မေတ္တာဖြင့် သားသမီးတို့ကို အနစ်နာခံပြီး မြေတောင်မြှောက် ပြုစုပျိုးထောင်ပေးမှုဟာ အခြားမြင်တွေ့သူများ အားလုံးကို မျက်ရည်ကျသွားသည်အထိ ဖြစ်စေခဲ့ရပါတယ်။ သူ့မှာ သားသမီးလေးယောက်ရှိပြီး ဘဝတွင် ဖခင်ကဲ့သို့ ပင်ပန်းစွာဖြင့် ဘဝကို မဖြတ်သန်းနိုင်စေရန်အတွက် ပညာတတ်ကြီးဖြစ်အောင် ပြုစုပျိုးထောင်ခဲ့ပါတယ်။

ထိုအမျိုးသား၏ သမီးအကြီးဆုံးမှာ လူမှုရေးနှင့်သိပ္ပံတက္ကသိုလ်တွင် ပညာသင်ကြားနေပြီး သမီးအငယ်မှာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးကောလိပ်တွင်တတ်ရောက်နေခဲ့ပါတယ်။ အမွှာသားနှစ်ဦးဟာတော့ တစ်ဦးက ဆေးတက္ကသိုလ်နှင့် တစ်ဦးမှာ အခြားတက္ကသိုလ်တွင် ပညာသင်ကြားနေပါတယ်။

ဖခင်ဖြစ်သူဟာ သားသမီးတို့ကို ငွေကြေးများစွာထောက်ပံ့နိုင်ရန်အတွက် လမ်းဘေးက စည်ပိုင်းလေးထဲတွင်သာ နေထိုင်ပြီး ခေါင်ဆွဲပြုတ်များကိုသာ အမြဲစားလေ့ရှိတယ်ဟု သိရှိရပါတယ်။ အဆိုပါသတင်း​ဟာ လူမှုကွန်ရက်မှာ နာမည်ကြီးနေပြီး အဆိုပါဖခင်ကို ချီးကျူးမှုတွေလည်း ရှိနေသလို ကျန်းမာရေးအတွက် စိုးရိမ်သူတွေလည်း ရှိနေကြပါတယ်။

Zawgyi



