AMAZING

မွေးရာပါ မသန်စွမ်းဖြစ်နေသော်လည်း မိဘတွေကိုထောက်ပံနိုင်အောင် ကာတွန်းပုံများ ရေးဆွဲပြီး မိဘကျေးဇူးဆပ်နေတဲ့ လေးစားစရာ လူငယ်လေး

မွေးရာပါ မသန်စွမ်းဖြစ်နေသော်လည်း မိဘတွေကိုထောက်ပံနိုင်အောင် ကာတွန်းပုံများ ရေးဆွဲပြီး မိဘကျေးဇူးဆပ်နေတဲ့ လေးစားစရာ လူငယ်လေး

ထိုင်းနိုင်ငံ Phitsanulokပြည်နယ်တွင် နေထိုင်သော အသက် ၁၇နှစ်အရွယ် ကောင်လေးဟာ ကံဆိုးစွာဖြင့် မွေးရာပါ လက်နှစ်ဖက်ပါမလာခဲ့သော်လည်း မိဘကျေးဇူးသိတတ်သော သားလိမ်မာလေးအဖြစ် အများရဲ့ချီးမွမ်းခြင်းများစွာကို ခံနေရပါတယ်။

ကောင်လေးကတော့ လက်နှစ်ဖက်လုံးမရှိတာတောင် ဘဝကိုအရှုံးမပေးပဲ စက်ဘီးကို ကိုယ်တိုင်နင်းကာ ကျောင်းတက်ခဲ့ပြီး အားလပ်ချိန်တိုင်း ဒေသရှိ အထည်အိတ်ပြောင်များပေါ်တွင် ပန်းချီရေးဆွဲကာ အသက်မွေး၀မ်းကျောင်း ပြုခဲ့ပါတယ်။

ကောင်လေးဟာ အနာဂတ်တွင် ပန်းချီဆရာတစ်ယောက်ဖြစ်ချင်ပြီး ယခင်ကခေါက်ဆွဲအရောင်းဆိုင်လေးဖွင့်ထားသည့်အတွက် သားအမိနှစ်ယောက် စားဝတ်နေရေး မပူပန်ရသော်လည်း ဆိုင်ခန်းပိတ်လိုက်ရသောအခါ ဝါသနာပါရာ ပန်းချီရေးဆွဲရင်း ကိုယ်ပိုင်ဝင်ငွေများ ရှာခဲ့တာဖြစ်ပါတယ်။

Credit – Hlaing (Love Feeling)

Zawgyi




