AMAZING

စိမ်းစိုတဲ့တောအုပ်ကြီး ဖြစ်အောင် ၃၇နှစ်ကြာအောင် သစ်ပင်တွေစိုက်ခဲ့ရတဲ့ အသက် ၉၈ နှစ်အရွယ်အဘိုးအို

စိမ်းစိုတဲ့တောအုပ်ကြီး ဖြစ်အောင် ၃၇နှစ်ကြာအောင် သစ်ပင်တွေစိုက်ခဲ့ရတဲ့ အသက် ၉၈ နှစ်အရွယ်အဘိုးအို

ထိုင်းနိုင်ငံက Ban Tha Chai သစ်တောဧရိယာကို ၃၇ နှစ်ကျော်အတွင်း ဧရိယာ ၃၆ ရိုင်ရှိတဲ့ ဒီသစ်တောကို သစ်ပင် ၅၀၀၀ ခန့်၊ ကွဲပြားခြားနားတဲ့အပင် ၁၇ မျိုးနဲ့အတူ အသိုင်းအဝိုင်းသစ်တောအဖြစ် ကြီးထွားလာရန် စိုက်ပျိုးခဲ့ပါတယ် ။ သစ်ပင်စိုက်ခြင်းဟာ ကုသိုလ်တစ်ခုဖြစ်ကြောင်း သတိပြုမိစေခဲ့ပါတယ် ။ Phitsanulok ခရိုင်၊ Thaum ဘုရားကျောင်းရှိ Community Forest ကို သစ်တောပြန်စိုက်ခြင်းနဲ့ သစ်တောစိုက်လိုသူကို စိတ်အားတက်ကြွစေတဲ့ သစ်တောချစ်သူများအတွက် အောင်မြင်မှုတစ်ခုလို့ ယူဆနိုင်ပါတယ် ။

၎င်းဟာ Ban Tha Chai ဧရိယာမှာ အရိပ်နဲ့ အစိုဓာတ်ကို ပေးနိုင်ခဲ့ပါတယ် ။ ၎င်းတို့ကို Phitsanulok ခရိုင်မှာ နေထိုင်တဲ့ အသက် ၉၈ နှစ်အရွယ် ဦးလေး Sang Sang Inmatum က သူ့ရဲ့ ကျန်းမာရေးအခြေအနေမကောင်းတာကြောင့် သစ်တောများကို စတင်စိုက်ပျိုးခဲ့တာပါ ။ဦးလေးက သစ်တောကို စတင်စိုက်တုန်းမှာ အသက် ၆၀ လောက်ရှိပါပြီ ။ ဦးလေးက သူသတ်မှတ်ထားတဲ့ တရားဓမ္မကို လေ့လာပြီး ဘုန်းကြီးကျောင်းမာ အလုပ်တွေကို ကူညီဖို့ ကျောင်းမှာ ‌သွားနေခဲ့ပြီး ဒီ Wat Tha Chai ဧရိယာကို ဂရုစိုက်ခဲ့တာပါ ။

ထိုအချိန်က Phra Ajarn Sam ဟာ Wat Tha Chai ရဲ့ ဗဟုသုတ၊ စိတ်ဝင်စားမှုနဲ့ အပင်ကို ချစ်မြတ်နိုးသူဖြစ်ပါတယ် ။ ထို့ကြောင့် ဦးလေးက သစ်ပင်များစိုက်ပျိုးခြင်းကို အလေးအနက်ထားတဲ့အထိ ဘုရားကျောင်းတော်မှာ သစ်ပင်များစိုက်ပျိုးခြင်းနဲ့ ဂရုစိုက်ခြင်း တို့ပြုလုပ်ခဲ့ပါတယ် ။

ယခင်က ဦးလေး Sang ဟာ သစ်ပင်များစိုက်ပျိုးခြင်းတွင်ထူးချွန်ပုဂ္ဂိုလ်ဆု၊ မြေသို့သဘာဝကိုပြန်လည်ပေးအပ်ခြင်းစီမံကိန်း နဲ့ ရပ်ရွာသစ်တောမြှင့်တင်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး တို့ကြောင့် တော်ဝင်သစ်တောဦးစီးဌာန၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ဆုတံဆိပ်ရရှိခဲ့ပါတယ် ။

Credit – JRose (KB Chimmy One)

Zawgyi





