Love & Relationship
အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအား အိမ်မှာ တစ်ယောက်တည်းမထားခဲ့ချင်တာကြောင့် အလုပ်ကိူနေ့တိုင်း ကျောပိုးသွားခဲ့တဲ့ မြေးမလေး
အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအား အိမ်မှာ တစ်ယောက်တည်းမထားခဲ့ချင်တာကြောင့် အလုပ်ကိူနေ့တိုင်း ကျောပိုးသွားခဲ့တဲ့ မြေးမလေး
ကျွန်ုပ်တို့ရဲ့သက်ကြီးရွယ်အိုအဘိုးအဘွားများကို မေတ္တာနှင့်ဂရုစိုက်ဖို့ မကြာခဏပြောရန်အလွယ်ဆုံးသောအရာများဖြစ်သော်လည်း တစ်ကယ်တမ်းမှာ အခက်ဆုံးက ၎င်းအရာကို ဖြစ်အောင်လုပ်ပေးဖို့ပါဘဲ။ ကျွန်တော်တို့ဟာထွန်းကားတဲ့လူ့ဘောင်မှာနေနေရတဲ့အတွက် ကျွန်တော်တို့ရဲ့နေ့စဉ်ဘ၀ကို ရုန်းကန်လှုပ်ရှားနေကြရတာကြောင့် မိသားစုဝင်အဘိုးအဘွားတို့နှင့်အတူနေဖို့အချိန်အနည်းငယ်သာ ရှိနေ
ပါတယ်။
ကျွန်တော်တို့ဟာ ၎င်းတို့ရဲ့မျှော်လင့်နေတဲ့မျက်လုံးတွေကို အကြိမ်ပေါင်းများစွာ လျစ်လျူရှုကြပြီး တစ်ကယ်တမ်း ၎င်းတို့မျှော်လင့်တာကလည်း ၎င်းတို့နှင့်စကားပြောပေးမဲ့ ရိုးရိုးအဖော်တစ်ယောက်ပါဘဲ။ သို့ပေမဲ့ ဒီဇာတ်လမ်းထဲက မိန်းကလေးကတော့ လုံးဝကို ကွဲပြားနေပါတယ်။ သူမငယ်စဉ်အခါကသူမ၏မိဘများဟာ သူမအားအဖွားနှင့်အတူထားခဲ့ကာ မြို့၌အလုပ်သွားလုပ်ကြရပါတယ်။
အခုသူမကြီးပြင်းလာတော့လည်း သူမအနားမှာတစ်ချိန်လုံးရှိနေခဲ့တဲ့အဘွားကို သူမလုံးဝမမေ့ထားခဲ့ပါဘူး။ လက်ရှိကိုယ်ပိုင်စားသောက်ဆိုင်တစ်ဆိုင်ရှိနေပြီဖြစ်တဲ့ အဆိုပါမိန်းကလေးဟာ သူမရဲ့အသက် ၈၈ နှစ်အရွယ်အဘွားအား တစ်ယောက်တည်းမခံစားစေချင်သလို အဘွားရဲ့ အနားမှာ အမြဲနေပေးရန်အတွက် သူမရဲ့ဆိုင်သို့ ခေါ်သွားရန် ဆုံးဖြတ်ခဲ့ပါတယ်။
အဘွားဟာ အဝေးကြီးလမ်းမလျှောက်နိုင်တော့တာကြောင့် မြေးမလေးဟာ သွားလေရာတိုင်း အဘွားကို ကျောပိုးသွားလေ့ရှိပါတယ်။ Credit
Zawgyi
အသက် ၈၈ နှစ်အရွယ်ရှိ အဘွားအား အိမ်မှာ တစ်ယောက်တည်းမထားခဲ့ချင်တာကြောင့် အလုပ်ကိုနေ့တိုင်း ကျောပိုးသွားခဲ့တဲ့ မြေးမလေး
ပါတယ်။