AMAZING
ကမ္ဘာ့ အရှည်ဆုံး မျက်တောင်မွှေး ပိုင်ရှင်အဖြစ် စံချိန်တင်ထားနိုင်ခဲ့သော အသက် ၅၀အရွယ် အမျိုးသမီး
ကမ္ဘာ့ အရှည်ဆုံး မျက်တောင်မွှေး ပိုင်ရှင်အဖြစ် စံချိန်တင်ထားနိုင်ခဲ့သော အသက် ၅၀အရွယ် အမျိုးသမီး
တရုတ်နိုင်ငံ Jiangsuပြည်နယ် Changzhouမြို့တွင် နေထိုင်သော အသက် ၅၀နှစ်ကျော်အရွယ် အမျိုးသမီးတစ်ဦးသည် ထူးခြားစွာဖြင့် ၈လက်မအရှည်ရှိသော မျက်တောင်မွှေးကို ပိုင်ဆိုင်ထားခဲ့သည်။
အမျိုးသမီးသည် သူမ၏မျက်တောင်မွှေးများမှာ သာမန်နှင့်မတူပဲ သိသာထင်ရှားစွာ အခြားသူများထက် ပိုရှည်နေသည်ကို သတိထားမိပြီး စိုးရိမ်ကြီးစွာဖြင့် ဒေသရှိ ဆေးရုံတစ်ခုသို့ သွားပြခဲ့သည်။
သို့သော်လည်း အမျိုးသမီး၏ မျက်တောင်မွှေးရှည်နေရခြင်း အကြောင်းကို မည်သည့်ဆရာဝန်များမှ အဖြေကို မဖော်ထုတ်နိုင်သေးပဲ မျိုးရိုးဗီဇ ချို့ယွင်းချက်အခြေအနေကြောင့်အဖြစ်သာ မှတ်ချက်ပေးနိုင်ခဲ့သည်။
အမျိုးသမီးလည်း ဆရာဝန်ပေါင်းစုံနှင့် ကုသကာ ဆေးမျိုးစုံသောက်ခဲ့သော်လည်း အခြေအနေက ထူးမလာပဲ သူမအသက်ကြီးလာသည်နှင့်အမျှ မျက်တောင်မွှေးကလည်း ပို၍ရှည်လာကာ ကမ္ဘာ့အရှည်ဆုံး မျက်တောင်မွှေးအဖြစ် ဂင်းနစ်စံချိန်ပင်တင်ထားနိုင်ခဲ့သည်။ Credit
Zawgyi