AMAZING

အသက် ၉နှစ်အရွယ်လေးနဲ့ Electrical Engineering ဘွဲ့ကို ရရှိတော့မယ့် ကမ္ဘာ့အသက်အငယ်ဆုံး ကလေး

တစ်ခါတရံမှာ ကိုယ့်ထက် အသက်ငယ်တဲ့ သူတွေက နယ်ပယ် တစ်ခုမှာ ပုံမှန်ထက် ထူးချွန်နေ တတ်ပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကို အားမလို အားမရ ဖြစ်လာပြီး “ငါ့ဘဝကြီးမှာ ဘာတွေ လုပ်ပြီးပြီလဲ ” လို့ တွေးမိတတ် ပါတယ်။ ဒါပေမယ့် လူတိုင်းက သူတို့ ကျင်လည်ရာ နယ်ပယ်မှာ အောင်မြင်အောင် ကြိုးစားတယ် ဆိုတာကိုတော့ လက်ခံရ မှာပါ။ ကိုယ့်မှာလည်း သူ မတူတဲ့ အရည်အချင်း တစ်ရပ်က အမြဲတမ်း ရှိပါတယ်။ နေရာတကာမှာ မအောင်မြင် လို့လည်း စိတ်ဓါတ်ကျစရာ မရှိပါဘူးနော်။

နယ်သာလန် နိုင်ငံက အသက် ၉ နှစ် အရွယ် ကလေးလေးက လာမယ့် ဒီဇင်ဘာလ ထဲမှာ Electrical Engineering ဘွဲ့ကို ရတော့မှာ ဖြစ်ပါတယ် ။ Laurent Simons ဆိုတဲ့ ကလေးလေးက Edinhoven နည်းပညာ တက္ကသိုလ်မှာ Electrical Engineering ပညာရပ်ကို သင်ယူခဲ့ ပါတယ်။ Laurent ရဲ့ အနာဂတ် အစီအစဉ်က အင်ဂျင်နီယာ ဘာသာရပ်မှာ Ph.D ဘွဲ့ အထိ ယူဖို့ စီစဉ်ထားပြီး ဆေးပညာရပ်နဲ့ ဆိုင်တဲ့ဘွဲ့ကိုလည်း ယူဦးမှာပါ။ Laurent ရဲ့ မွေးရာပါ ပါရမီကို သတိထားမိ သူတွေ ကတော့ အဘိုးနဲ့ အဘွားပါ။

အစ ကတော့ Laurent ရဲ့ မိဘတွေက Laurent ဉာဏ်ကောင်းတာကို အဘိုးအဘွားတွေက ချဲ့ကား ပြောတယ်လို့ ထင်နေကြ တာပါ ။ အဲဒီနောက်မှာတော့ Laurent ကို စမ်းသပ်မှုတွေ တစ်ခုပြီး တစ်ခု ပြုလုပ် ပါတယ်။ အဲဒီ စမ်းသပ်မှု တိုင်းကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပါတယ်။အဲဒီနောက် မှာတော့ ဆရာ၊ ဆရာမတွေက Laurent ရဲ့ ထူးချွန်မှုတွေကို မိဘတွေကို ပြောပြခဲ့ပါတယ်။ Laurent ရဲ့ ဉာဏ် အလွန်ကောင်းနေမှုကို ဘယ်သူကမှ မသိခဲ့ကြ ပါဘူး။ ဒါပေမယ့် Laurent တို့ မိသားစုက ဆရာဝန်တွေပါ ။

သူ့ရဲ့အမေက Laurent ကို ကိုယ်ဝန်ဆောင်တုန်းက ငါးတွေ စားတယ်လို့ ပြောပါတယ်။တဖက်မှာတော့ Laurent ကို ဖိအားတွေ မများစေဖို့ အတွက် ကစားချိန်တွေ ပေးထား ပါတယ်။ Laurent က သူရဲ့ခွေးလေးနဲ့ ကစားရတာ၊ ဖုန်းနဲ့ ဆော့ရတာကို သဘောကျကြောင်း ပြောပါတယ်။ သူ့ရဲ့ အိပ်မက်ကတော့ လူ့ခန္ဓါကိုယ်မှာ ချွတ်ယွင်းနေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို အစားထိုးဖို့ ကိုယ်အင်္ဂါ အစိတ်အပိုင်း အတုတွေ တီထွင်ဖို့ပါ။ နောက်ထပ် တက္ကသိုလ် ဆက်မတက်ခင် မှာတော့ ဂျပန်ကို အလည် သွားချင်တယ်လို့ Laurent က ပြောပါတယ်။

Credit – Zombie (Lovemedia)