AMAZING

မွေးရာပါ မျက်နှာ(၂)ဖက်နဲ့ နာမည်ကြီးနေပြီး ပရိတ်သတ်တွေများစွာ ရရှိထားတဲ့ ချစ်စဖွယ်ကြောင်မလေး

Bettie Bee လို့အမည်ပေးထားတဲ့ ကြောင်မလေးကတော့ ထူးခြားတဲ့ ကြောင်မလေးတစ်ကောင် ဖြစ်ပြီး၊ မျက်နှာနှစ်ဖက်၊ နှာခေါင်းနှစ်ခု၊ မျက်လုံးသုံးလုံးနဲ့ မွေးဖွားလာခဲ့တဲ့ ကြောင်ကလေးတစ်ကောင်ပါ။ ကြောင်ပိုင်ရှင်တွေကတော့ တောင်အာဖရိကမြို့တော် ကိပ်တောင်းအရှေ့ပိုင်းမှာ နေထိုင်ကြပြီး အသက်ရှည်မှာပါလို့ တိ/ကုဆရာဝန်က ပြောပါတယ်။ Bee ရဲ့ မိခင်ကြောင်မကြီးဟာ ပြီးခဲ့တဲ့ (၁၁)ရက်ကျော်က မွေးချင်း (၃)ကောင်နဲ့အတူ Bee ကို မွေးဖွားခဲ့တာဖြစ်ပြီး၊ ကြောင်မွေးဖွားမှု သမိုင်းမှာတော့ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပါ။

Bee ကို မွေးဖွာစဉ်ခဏက အသက်အန္တရာယ်ရှိမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ စိတ်ချရတဲ့ အနေအထားပါ။ Bee အတွက် ဖွင့်ထားတဲ့ Facebook စာမျက်နှာဟာ ရက်ပိုင်းသာရှိသေးပေမယ့် အခုဆို ပရိသတ်သိန်းချီရှိနေပါပြီ။ ဒီလိုအဖြစ်နဲ့ မွေးဖွားလာတဲ့ ကြောင်လေးတွေကို Janus Cat လို့ ခေါ်လေ့ရှိပြီး Frank နဲ့ Louie အမည်ရ ခေါင်းနှလုံးကြောင်ထီးတစ်ကောင်ကတော့ ခေါင်းနှလုံးကြောင်တွေထဲမှာ အသက်အရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းအထိ ဝင်ခဲ့ဖူးပါတယ်။

ဒီနာမည်ပေးရခြင်းကတော့ ကြောင်ကလေးတွေ အသက်ရှည်ဖို့ နတ်ဘုရားတစ်ပါးရဲ့ နာမည်တွေကို ပေးခဲ့တာလို့ သိရပါတယ်။ ဒီလိုပုံမှန်မဟုတ်တဲ့ မျက်နှာနဲ့ မွေးဖွားလာတဲ့ ကြောင်တွေမှာ Sonic Hedgehog Homolog (SHH) လို့ခေါ်တဲ့ ပရိုတိန်းဓာတ်တစ်မျိုးက မျိုးဗီဇကို အဓိကပြောင်းလဲစေတာဖြစ်ပြီး အခုလို မျက်နှာနှစ်ခုကြောင်တွေအပြင်၊ ခြေထောက်အပိုပါတဲ့ကြောင်တွေ၊ မျက်လုံး၊ ပါးစပ်၊ ဦးခေါင်း အပိုပါတဲ့ကြောင်တွေအဖြစ် မွေးဖွားစေတာလို့ သိရပါတယ်။

Bee ကို စောင့်ရှောက်မှုပေးခဲ့ရတဲ့ တိ/ကုဆရာဝန်က ” ဒီကြောင်မလေးက တစ်ရက်သမီးအရွယ်မှာ ကျွန်မတို့ဆီကို ရောက်လာခဲ့တာပါ ။ကြောင်မလေးကို ကျွန်မတို့ အပြည့်အဝ ကယ်နိုင်ခဲ့တယ်လို့ ယူဆပါတယ်။ Scan အခြေနေကလည်း ကောင်းပြီး အခုဆို တော်တော် အရွယ်ရောက်နေပါပြီ “လို့ ပြောခဲ့ပါတယ်။

Credit – EX