AMAZING

အရသာအရှိဆုံး အစားအစာအဖြစ် လူတိုင်းက သတ်မှတ်လာကြတဲ့ ကလေးတစ်ဦးအရွယ်ရှိသော ဧရာမ ဖားကြီး

ပြီးခဲ့တဲ့ရက်ပိုင်းအနည်းငယ်လောက်က Honiara ဒေသက Solomon Islands မှာ လူသားကလေးအရွယ်လောက်ရှိတဲ့ ဖာကြီးတစ်ကောင်ကို ဖမ်းမိခဲ့ပါတယ်။ဒီဖားကြီးဟာ အလေးချိန်အားဖြင့် 1 kilo နီးပါးလောက်ရှိတယ်လို့သိရပြီးCornufer guppyi လို့ခေါ်တဲ့ မျိုးစိတ်ထဲက ဖားကြီးဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံတွေရဲ့ပြောကြားချက်အရတော့ အခုဖမ်းမိတဲ့ ဖားကြီးဟာ သူတို့မြင်တွေ့ဖူးသမျှထဲမှာ အကြီးဆုံးပဲလို့လည်း သိရှိရပါတယ်။ ဒီဖားကြီးကိုတော့ အသက် ၃၅ နှစ်အရွယ် Jimmy Hugo လို့ခေါ်တဲ့အမျိုးသားက တောဝက်တွေကို ထောင်ဖမ်းရင်းနဲ့ ဖမ်းမိခဲ့တာပဲ ဖြစ်ပါတယ်။

ဒီဖားကြီးကို Jimmy Hugo ဟာ လိုင်းပေါ်တင်လိုက်တဲ့အချိန်မှာလည်း “ လူအနည်းငယ်လောက်ပဲ ဒါကိုတွေ့မယ်လို့ ကျနော်ထင်ခဲ့ပေမယ့် လူအများကြီးက ဒီဟာနဲ့ပတ်သတ်ပြီးတော့ အံအားသင့်တဲ့ ကွန့်မန့်တွေပေးတာကို မြင်ရတာ ကျွန်တော့်အတွက် တကယ် Surprised တစ်ခုလို့ဖြစ်ခဲ့ရတယ်” လို့ ပြောကြားထားပါတယ်။

ဒေသခံတွေရဲ့ပြောကြားချက်အရတော့ သူတို့ဟာ ဒီလို giant ဖားကြီးတွေရဲ့ အသားကို စားနေကြဖြစ်ပြီး ဒီလိုဖားကြီးတွေရဲ့အသားဟာ ကြက်သားထက်တောင် အရာသာပိုရှိတယ်လို့ သိရပါတယ်။ အွန်လိုင်းပေါ်ပျံ့လာတဲ့ ဗီဒီယိုထဲမှာတော Jimmy Hugo ကတော့ ဒီဖားကြီးကို သတ်စားတာမျိုးမရှိပဲထိန်းသိမ်းမွေးမြူထားတာကိုတွေ့ရပါတယ်။တော်ရုံတန်ရုံလူဆိုရင် ဒီလိုဖားကြီးတွေရဲ့အသားကိုစားဖို့မပြောနဲ့ အပြင်မှာမြင်တွေ့ရတာနဲ့တင် ကြောက်လန့်ပြီး မူးမေ့လဲသွားနိုင်ပါတယ်။

ခ ရက် ဒစ်

Zawgyi

ၿပီးခဲ့တဲ့ရက္ပိုင္းအနည္းငယ္ေလာက္က Honiara ေဒသက Solomon Islands မွာ လူသားကေလးအ႐ြယ္ေလာက္ရွိတဲ့ ဖာႀကီးတစ္ေကာင္ကို ဖမ္းမိခဲ့ပါတယ္။ဒီဖားႀကီးဟာ အေလးခ်ိန္အားျဖင့္ 1 kilo နီးပါးေလာက္ရွိတယ္လို႔သိရၿပီးCornufer guppyi လို႔ေခၚတဲ့ မ်ိဳးစိတ္ထဲက ဖားႀကီးျဖစ္တယ္လို႔ သိရပါတယ္။

ေဒသခံေတြရဲ႕ေျပာၾကားခ်က္အရေတာ့ အခုဖမ္းမိတဲ့ ဖားႀကီးဟာ သူတို႔ျမင္ေတြ႕ဖူးသမွ်ထဲမွာ အႀကီးဆုံးပဲလို႔လည္း သိရွိရပါတယ္။ ဒီဖားႀကီးကိုေတာ့ အသက္ ၃၅ ႏွစ္အ႐ြယ္ Jimmy Hugo လို႔ေခၚတဲ့အမ်ိဳးသားက ေတာဝက္ေတြကို ေထာင္ဖမ္းရင္းနဲ႕ ဖမ္းမိခဲ့တာပဲ ျဖစ္ပါတယ္။

ဒီဖားႀကီးကို Jimmy Hugo ဟာ လိုင္းေပၚတင္လိုက္တဲ့အခ်ိန္မွာလည္း “ လူအနည္းငယ္ေလာက္ပဲ ဒါကိုေတြ႕မယ္လို႔ က်ေနာ္ထင္ခဲ့ေပမယ့္ လူအမ်ားႀကီးက ဒီဟာနဲ႕ပတ္သတ္ၿပီးေတာ့ အံအားသင့္တဲ့ ကြန႔္မန႔္ေတြေပးတာကို ျမင္ရတာ ကြၽန္ေတာ့္အတြက္ တကယ္ Surprised တစ္ခုလို႔ျဖစ္ခဲ့ရတယ္” လို႔ ေျပာၾကားထားပါတယ္။

ေဒသခံေတြရဲ႕ေျပာၾကားခ်က္အရေတာ့ သူတို႔ဟာ ဒီလို giant ဖားႀကီးေတြရဲ႕ အသားကို စားေနၾကျဖစ္ၿပီး ဒီလိုဖားႀကီးေတြရဲ႕အသားဟာ ၾကက္သားထက္ေတာင္ အရာသာပိုရွိတယ္လို႔ သိရပါတယ္။ အြန္လိုင္းေပၚပ်ံ့လာတဲ့ ဗီဒီယိုထဲမွာေတာ Jimmy Hugo ကေတာ့ ဒီဖားႀကီးကို သတ္စားတာမ်ိဳးမရွိပဲထိန္းသိမ္းေမြးျမဴထားတာကိုေတြ႕ရပါတယ္။ေတာ္႐ုံတန္႐ုံလူဆိုရင္ ဒီလိုဖားႀကီးေတြရဲ႕အသားကိုစားဖို႔မေျပာနဲ႕ အျပင္မွာျမင္ေတြ႕ရတာနဲ႕တင္ ေၾကာက္လန႔္ၿပီး မူးေမ့လဲသြားနိုင္ပါတယ္။

ခ ရက္ ဒစ္