AMAZING

ကလေးမွေးပြီးနောက် အဝလွန်လာပြီးရုပ်ဆိုးတယ်လို့ ပြောတဲ့ ခင်ပွန်းကို နောင်တရစေမယ့် လုပ်ရပ်မျိုး လုပ်လိုက်တဲ့ Single Mother တစ်ဦး

ကလေးမွေးပြီးနောက် အဝလွန်လာပြီးရုပ်ဆိုးတယ်လို့ ပြောတဲ့ ခင်ပွန်းကို နောင်တရစေမယ့် လုပ်ရပ်မျိုး လုပ်လိုက်တဲ့ Single Mother တစ်ဦး

တကယ်တော့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်နေချိန်မှာစိတ်ခံစားချက်တွေဟာ အမြဲလိုလိုပြောင်းလဲနေလေ့ရှိပြီး အထိအခိုက်မခံနိုင်အောင်စိတ်နုလွန်းလှပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာအဓိကအားဖြင့် စိတ်ကျရောဂါတွေအဖြစ်များလေ့ရှိပါတယ် ။ယခုတစ်ခေါက်မှာလည်း တောင်ကိုရီးယားနိုင်ငံက ယောဂနှင့်ခန္ဓာကိုယ်ကျန်မာကြံခိုင်ရေး နည်းပြဟောင်းတစ်ယောက်ဖြစ်တဲ့ Park Jee Won ဟာ ကိုယ်ဝန်ဆောင်နေစဉ်စိတ်ဖိစီးမှု့ကြောင့် မရပ်နိုင်လောက်အောင် အစားအစာတွေစားသောက်ခဲ့လို့ ကိုယ်အလေးချိန် 86kg အထိရောက်ရှိသွားခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ခင်ပွန်းဖြစ်သူဟာ သူမရဲ့စိတ်အခြေအနေကိုနားမလည်ပေးသည့်အပြင် သူမကိုရုပ်ဆိုးတဲ့သူတစ်ယောက်လို အမြဲပြောဆိုဆက်ဆံခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမဟာကလေးမွေးပြီးနောက် ပိုယ်အလေးချိန်ပြန်ချဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ပျော်ရွှင်ဖို့ကောင်းတဲ့မိသားစုမျိုးပြန်ရယူနိုင်ဖို့ကြိုးစားခဲ့ပါတယ် ။

ထို့ကြောင့် သူမဟာ 10 လလုံးလုံး သေးငယ်တဲ့အစားအစာ 6ခုကိုသာစားပြီး ၊ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုး ပြုလုပ်ခဲ့ပါတယ် ။ ထို့ကြောင့် သူမဟာ ကိုယ်အလေးချိန် 40kg ကျခဲ့ပြီး သူမဟာလုံးဝခွဲစိတ်မှုမျိုးမလုပ်ခဲ့ဘဲ သဘာဝအတိုင်းသာလေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန်လျှော့ချခဲ့တာပါ ။ သူမဟာပြန်ပြီးလှပလာခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူမှာတော့သူမကို မင်းတော်တော် အံ့သြဖို့ကောင်းတာပဲ ၊ မင်းကိုကြည့်တာ ငါတောင်ကြက်သီးထတယ် ဆိုပြီးအမြဲလိုလို သူမကိုပြောဆိုဆက်ဆံပြန်ပါတယ် ။

ခင်ပွန်းဖြစ်သူရဲ့ပြောဆိုဆက်ဆံပုံတွေက သူမရဲ့စိတ်အခြေအနေကိုပိုပြီးဆိုးဝါးစေခဲ့တဲ့အတွက် ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခဲ့ပြီး ၊ သမီးလေးကိုလည်း Single mother တစ်ယောက်အနေနဲ့ သူမကပြုစုပျိုးထောင်ပေးခဲ့ပါတယ် ။ ထို့အပြင် ယခုအချိန်မှာတော့ သူမဟာ ကိုယ်ပိုင် YouTube ၊ Instragram Account ဖြင့် ကျန်မာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်လျော့ချနည်းများကိုအမြဲမျှဝေတင်ပြပေးပြီး စီးပွားရှာလျက်ရှိပါတယ် ။

Zawgyi

ကေလးေမြးၿပီးေနာက္ အဝလြန္လာၿပီး႐ုပ္ဆိုးတယ္လို႔ ေျပာတဲ့ ခင္ပြန္းကို ေနာင္တရေစမယ့္ လုပ္ရပ္မ်ိဳး လုပ္လိုက္တဲ့ Single Mother တစ္ဦး

တကယ္ေတာ့ အမ်ိဳးသမီးေတြဟာ ကိုယ္ဝန္ေဆာင္ေနခ်ိန္မွာစိတ္ခံစားခ်က္ေတြဟာ အၿမဲလိုလိုေျပာင္းလဲေနေလ့ရွိၿပီး အထိအခိုက္မခံနိုင္ေအာင္စိတ္ႏုလြန္းလွပါတယ္။ ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္မွာအဓိကအားျဖင့္ စိတ္က်ေရာဂါေတြအျဖစ္မ်ားေလ့ရွိပါတယ္ ။ယခုတစ္ေခါက္မွာလည္း ေတာင္ကိုရီးယားနိုင္ငံက ေယာဂႏွင့္ခႏၶာကိုယ္က်န္မာႀကံခိုင္ေရး နည္းျပေဟာင္းတစ္ေယာက္ျဖစ္တဲ့ Park Jee Won ဟာ ကိုယ္ဝန္ေဆာင္ေနစဥ္စိတ္ဖိစီးမႈ႕ေၾကာင့္ မရပ္နိုင္ေလာက္ေအာင္ အစားအစာေတြစားေသာက္ခဲ့လို႔ ကိုယ္အေလးခ်ိန္ 86kg အထိေရာက္ရွိသြားခဲ့ပါတယ္။

ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ခင္ပြန္းျဖစ္သူဟာ သူမရဲ႕စိတ္အေျခအေနကိုနားမလည္ေပးသည့္အျပင္ သူမကို႐ုပ္ဆိုးတဲ့သူတစ္ေယာက္လို အၿမဲေျပာဆိုဆက္ဆံခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမဟာကေလးေမြးၿပီးေနာက္ ပိုယ္အေလးခ်ိန္ျပန္ခ်ဖိဳ႕ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီး ေပ်ာ္႐ႊင္ဖို႔ေကာင္းတဲ့မိသားစုမ်ိဳးျပန္ရယူနိုင္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ သူမဟာ 10 လလုံးလုံး ေသးငယ္တဲ့အစားအစာ 6ခုကိုသာစားၿပီး ၊ ျပင္းထန္တဲ့ေလ့က်င့္ခန္းမ်ိဳး ျပဳလုပ္ခဲ့ပါတယ္ ။ ထို႔ေၾကာင့္ သူမဟာ ကိုယ္အေလးခ်ိန္ 40kg က်ခဲ့ၿပီး သူမဟာလုံးဝခြဲစိတ္မႈမ်ိဳးမလုပ္ခဲ့ဘဲ သဘာဝအတိုင္းသာေလ့က်င့္ခန္းနဲ႕ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခဲ့တာပါ ။ သူမဟာျပန္ၿပီးလွပလာခဲ့ေပမဲ့လည္း ခင္ပြန္းျဖစ္သူမွာေတာ့သူမကို မင္းေတာ္ေတာ္ အံ့ၾသဖို႔ေကာင္းတာပဲ ၊ မင္းကိုၾကည့္တာ ငါေတာင္ၾကက္သီးထတယ္ ဆိုၿပီးအၿမဲလိုလို သူမကိုေျပာဆိုဆက္ဆံျပန္ပါတယ္ ။

ခင္ပြန္ျဖစ္သူရဲ႕ေျပာဆိုဆက္ဆံပုံေတြက သူမရဲ႕စိတ္အေျခအေနကိုပိုၿပီးဆိုးဝါးေစခဲ့တဲ့အတြက္ ခင္ပြန္းျဖစ္သူႏွင့္ကြာရွင္းခဲ့ၿပီး ၊ သမီးေလးကိုလည္း Single mother တစ္ေယာက္အေနနဲ႕ သူမကျပဳစုပ်ိဳးေထာင္ေပးခဲ့ပါတယ္ ။ ထို႔အျပင္ ယခုအခ်ိန္မွာေတာ့ သူမဟာ ကိုယ္ပိုင္ YouTube ၊ Instragram Account ျဖင့္ က်န္မာေရးနဲ႕ညီၫြတ္တဲ့ ကိုယ္အေလးခ်ိန္ေလ်ာ့ခ်နည္းမ်ားကိုအၿမဲမွ်ေဝတင္ျပေပးၿပီး စီးပြားရွာလ်က္ရွိပါတယ္ ။

Credit-Jasmine (Mckzone Daily)