AMAZING

ကားအရောင်းပြခန်းမှာ ကားမော်ဒယ် အလုပ်လုပ်ကိုင်ခဲ့ပြီး သခင်ဖြစ်သူကို ဝင်ငွေသန်း ၅၀အထိရှာဖွေပေးနိုင်ခဲ့သည့် ကြောင်လေး

ကားအရောင်းပြခန်းမှာ ကားမော်ဒယ် အလုပ်လုပ်ကိုင်ခဲ့ပြီး သခင်ဖြစ်သူကို ဝင်ငွေသန်း ၅၀အထိရှာဖွေပေးနိုင်ခဲ့သည့် ကြောင်လေး

တိရိစ္ဆာန်တစ်ကောင်ဟာ သာမာန်လူသားများအတွက်ပင် ရှာဖွေရန်ခက်ခဲလွန်းလှသော ငွေကြေးမြောက်များစွာကို ရှာဖွေနိုင်သည်ဆိုလျှင် ယုံကြည်နိုင်ကြမည်မဟုတ်ပေ။ တရုတ်နိုင်ငံ Chongqingမြို့မှ Mao maoလို့အမည်ပေးထားတဲ့ကြောင်ကလေးဟာ အမှန်တကယ်ပင် သူ၏သခင်ဖြစ်သူအတွက် ယွမ်သန်း၅၀အထိကို ရှာဖွေပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ကြောင်ကလေးဟာ နိုင်ငံတကာ ကားအရောင်းပြခန်းတွင် မော်ဒယ်အနေဖြင့် ထားရှိပြီး ကြော်ငြာခဲ့ရာမှ လူအများက သဘောကျပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။ထို့ကြောင့် ကြောင်ကလေးနှင့်ကြော်ငြာနိုင်ရန် စာချုပ်စာတမ်းများဖြင့် ကမ်းလှမ်းရတာမျိုးဖြစ်လာခဲ့ပြီး မော်ဒယ်အခကြေးငွေဟာလည်း မြင့်မားလာခဲ့တာဖြစ်ပါတယ်။

နာမည်ကျော်လာခဲ့သည်နှင့် ကြောင်ကလေးဟာ တစ်လလျှင် ၄ကြိမ်မှ၅ကြိမ်အထိသာ ကြော်ငြာပေးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးတော့တယ်ဟု သိရပါတယ်။

Zawgyi





Credit – Shoon (Cele Daily)