AMAZING

မဲနက်ပြီး လုံးဝန်းတဲ့ မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားတာကြောင့် ဆိုရှယ်မီဒီယာတစ်ခွင်လုံးမှာ အချစ်ခံနေရတဲ့ ၇နှစ်အရွယ် ကောင်မလေး

မဲနက်ပြီး လုံးဝန်းတဲ့ မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားတာကြောင့် ဆိုရှယ်မီဒီယာတစ်ခွင်လုံးမှာ အချစ်ခံနေရတဲ့ ၇နှစ်အရွယ် ကောင်မလေး

ဗီယက်နမ်နိုင်ငံက အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ Ba Na လူမျိုးများရဲ့ ရိုးရာဝတ်စုံကို ဝတ်ဆင်ပြီး Gia Lai ပြည်နယ်ရှိ စပါးစိုက်ခင်းအလယ်မှာ ရပ်နေစဉ်သူမဟာ အလွန်ကြည့်ကောင်းနေခဲ့ပါတယ် ။ ဒီမိန်းကလေးငယ်မှာ ကြီးမားပြီး လုံးဝန်းတဲ့ အနက်ရောင်လို့ ဖော်ပြတဲ့ သူမရဲ့ မျက်လုံးများက သူမရဲ့ ဆွဲဆောင်မှုအရှိဆုံးမျက်နှာသွင်ပြင်လက္ခဏာများလို့ ဆိုကြပါတယ် ။ လူများစွာက သူမရဲ့ Pleiu မျက်လုံးများနဲ့ သူမရဲ့ နတ်သမီးအလား မျက်နှာများကြောင့် အလွန်နှစ်သက်ကြပါတယ် ။

ဓာတ်ပုံရိုက်ကူးသူ Thanh Nam က “ ကျွန်တော် သူမအကြောင်းကို မတော်တဆသိခဲ့တာပါ ။ သူမရဲ့ မျက်လုံးတွေကို အရမ်းအထင်ကြီးမိခဲ့ပြီး ဒီကောင်မလေးကို ဓာတ်ပုံရိုက်ချင်တယ်လို့ သူ့အမေကိုပြောခဲ့တယ်။” ဆိုပြီး ဓာတ်ပုံ ဆရာက ဆိုခဲ့ပါတယ် ။မိခင်ဖြစ်သူက သူမရဲ့ သမီးလေးအတွက် Ba Na လူမျိုးများရဲ့ ရိုးရာဝတ်စုံကိုရွေးချယ်ခဲ့တယ်လို့ သိရပါတယ် ။ မိခင်က Nam ကို သူမရဲ့သမီးလေး စပါးခင်းမှာ ကစားနေတဲ့ပုံကို ရိုက်ပေးဖို့ အကြံပြုခဲ့ပါတယ် ။

“ ကောင်မလေးက ပထမတော့ရှက်မိတယ် ၊ သူမအမေနောက်မှာ ပုန်းနေခဲ့တော့ နောက်ပိုင်း သူမစကားအနည်းငယ်ပြောပြီးနောက် ဓာတ်ပုံဟာ ပိုသဘာဝကျလာခဲ့ပါတယ် ။ ဒီအဖိုးတန်အချိန်တွေကို ငါချက်ချင်းဖမ်းမိခဲ့တယ် ။ ဓာတ်ပုံတွေက အများကြီးအချစ်ခံရပြီး လူအများချစ်ခင်ကြမယ်လို့ ငါမမျှော်လင့်ခဲ့ဘူး” လို့ Nam က Vietnamnet သို့ ပြောကြားခဲ့ပါတယ် ။ဓာတ်ပုံဆရာ Thanh Nam က လက်ရှိမှာ Da Nang မြို့လယ် Duy Tan တက္ကသိုလ်မှာ အကြီးတန်းကျောင်းသားဖြစ်ပါတယ် ။

Gia Lai ပြည်နယ်က ဓာတ်ပုံရိုက်ရတာ အလွန်ကောင်းတဲ့ နေဖြစ်တဲ့အတွက် သူက သူ့ရဲ့ ဇာတိမြို့ဖြစ်တဲ့ ဒီပြည်နယ်ကို လှည့်လည်သွားလာလေ့ရှိပါတယ် ။ အပြစ်ကင်းစင်တဲ့ ကလေးများကို Nam က အဓိကရိုက်ကူးချင်ခဲ့တာပါ ။ “ Gia Lai ပြည်နယ်ဟာ ခရီးသွားလုပ်ငန်းအတွက် အမြတ်မထုတ်ရသေးတဲ့ မြင်ကွင်းတွေ အများကြီးရှိပါတယ် ။ ဒီနေရာက သဘာဝနဲ့ဒေသခံတွေကို ဝမ်းမြောက်လေးစားမိပါတယ်” လို့ သူကဆက်ပြောခဲ့ပါတယ် ။

Credit – JRose (Mckzone Daily)