LIFESTYLE

ဆေးရုံမှာ အဝတ်အစားဝတ်တာ Sexy ကျလွန်းတဲ့အတွက် အလုပ်ပြုတ်သွားခဲ့ရတဲ့ သူနာပြုဆရာမလေး

တောင်းမှာအကွပ် လူမှာအဝတ်ဆိုသလို လူတစ်ယောက်မှာ အဝတ်အစားသည် အဓိကဖြစ်ပြီး ဝတ်စားထားတာနှင့် ပက်သက်ပြီး ပုံစံအမျိုးမျိုး ပြောင်းလဲသွားနိုင်ပါတယ်။ သို့ဖြစ်၍ ထိုင်းနိုင်ငံမှ အသက် ၂၆နှစ်အရွယ် မိန်းကလေးတစ်ဦးသည် ဒေသရှိ ဆေးရုံကြီးတစ်ခုတွင် တာဝန်ကျရာ ဝတ်ထားတဲ့ ယူနီဖောင်းကြောင့် အလုပ်ထွက်ခဲ့ရလို့သိရပါတယ်။

သူနာပြုဆရာမလေးသည် ဒူးပေါ်စကတ်တိုတိုလေးကို အမြဲဝတ်ဆင်ထားခြင်းဖြင့် ဆေးရုံသို့လာပြသော လူအများမှ ဝတ်စားပုံက Sexyကျလွန်းတယ်ဆိုပြီး အထင်မြင်သေးကာ ကဲ့ရဲ့ရှုံ့ချကြတာပါ။

ထို့နောက် သူမပုံကို ခိုးရိုက်ထားပြီး သူနာပြုဆရာမတစ်ယောက်အနေနှင့် ယခုလိုဝတ်စားထားတာ မသင့်တော်ကြောင်း လူမှုကွန်ယက်တွင် မျှဝေခဲ့ခြင်းဖြင့် မိန်းကလေးလည်း သူမအလုပ်ဝင်နေသော ဆေးရုံကြီးကို နာမည်မပျက်စေချင်တာကြောင့် အလုပ်မှကိုယ်တိုင်ထွက်ခဲ့သည်။

Credit – Hlaing (Love Feeling)

Zawgyi




