AMAZING

ဇနီး ၁၆ ဦးအပြင် ကလေး ၁၅၁ ဦးရှိနေသော်လည်းနောက်ထပ် ဇနီး ၁၀၀ နဲ့ ကလေး ၁၀၀၀ ရှိရန် စိတ်ကူးထားကြောင်း ပြောလာတဲ့ အသက် ၆၆နှစ် အမျိုးသား

အာဖရိကနိုင်ငံ Zimbabwe ရှိ ဇနီး ၁၆ ဦးနဲ့ ကလေး ၁၅၁ ယောက်ရှိတဲ့ Misheck Nyandoro လို့အမည်ရတဲ့ အသက် ၆၆ နှစ်အမျိုးသားဟာ ဇနီး ၁၀၀ နဲ့ ကလေး ၁၀၀၀ ရှိရန် ရည်မှန်းချက်ရှိတယ်လို့ နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်မှာ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ် ။ ဒါဟာအလွန်ထူးဆန်းပြီးရယ်စရာကောင်းတဲ့ သတင်းတစ်ခုလို့ ပြောနိုင်ပါတယ် ။

Misheck က ဇနီး ၁၆ ယောက်ရှိပေမဲ့ သူက သူ့အချိန်တွေကို ကောင်းကောင်းခွဲထားတယ်လို့ သူက အခိုင်အမာပြောကြားခဲ့ပြီး ကလေးမွေးခြင်းနဲ့ အတူ အမြဲကြံ့ခိုင်ရန် အချိန်နဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုလည်း ထိန်းသိမ်းခဲ့ပါတယ် ။ သူက ဇနီး ၁၀၀ ယောက်နဲ့ ကလေး ၁၀၀၀ ရရန် အခု သူ့ရဲ့ ၁၇ ယောက်မြောက်ဇနီးနဲ့ မင်္ဂလာပွဲစီစဉ်နေပါပြီ ။

Misheck က သူဟာ လက်ရှိမှာ အလုပ်လုံးဝလုပ်စရာမလိုကြောင်းလည်း ပြောကြားခဲ့ပြီး သူက အငြိမ်းစားစစ်သားတစ်ဦး ဖြစ်သောကြောင့် သူ့ရဲ့ နေ့ရက်အများစုက ကလေးပိုမွေးနိုင်စေရန် သူ့ကိုယ်သူဂရုစိုက်နေပါတယ် ။ သူကဒီလောက်ကြီးမားတဲ့ မိသားစုနဲ့အတူ ဇနီးသည်က အိမ်ကိုဂရုစိုက်ဖို့သာ တာဝန်ပေးထားထာပါ ။ နောက်ပြီး သူ့ရဲ့ ရာချီတဲ့ ကလေးတွေကလည်း မိခင်တွေရဲ့ အလုပ်လုပ်ကူညီပြီး ငွေတွေရှာကူနေခဲ့ပါတယ် ။ ဒါကြောင့် သူရဲ့ အသက်အရွယ်မှာ သက်တောင့်သက်သာနဲ့ နေထိုင်နိုင်ခဲ့ပါတယ် ။