AMAZING

လူမည်းလင်မယား နှစ်ယောက်မှ ရွှေဝါရောင်ဆံပင်နဲ့ဖွေးဥနေတဲ့ အသားရေရှိတဲ့ ခလေးငယ်ကိုမွေးဖွားခဲ့တဲ့ထူးခြားဖြစ်ရပ်

များသောအားဖြင့်တော့လူမည်းမျိုးစုဖြစ်တဲ့အမျိုးသမီးတော်တော်များများဟာ လူမည်းခလေးကိုပဲမွေးဖွားကြတယ်လို့ပဲထင်ကြမှာပါ။ သို့ပေမဲ့ယခုတစ်ခေါက်မှာတော့လန်ဒန်မြို့မှာနေထိုင်တဲ့လူမည်းဇနီးမောင်နှံဟာ ၎င်းတို့ရဲ့ရွှေဝါရောင်ဆံပင်နဲ့ဖြူစွတ်တဲ့အသားရေကိုပိုင်ဆိုင်ထားပီး လူဖြူတစ်ယောက်လိုမွေးဖွားလာတဲ့သမီးငယ်လေးနဲ့မိတ်ဆက်ပေးခဲ့ပါတယ်။၎င်းတို့မိသားစုဟာအာဖရိကလူမျိုးများပဲဖြစ်ပါတယ်။

မွေးစတုန်းကဘယ်လိုမှမထင်မှတ်ထားခဲ့လို့သမီးလေးကို Albino အနေနဲ့မွေးဖွားလာခဲ့တာလို့ထင်ခဲ့ကြပါတယ်။ ဒါပေမဲ့ဆရာဝန်ရဲ့အတည်ပြုချက်အရ၎င်းတို့ရဲ့သမီးလေးဟာ Albino မဟုတ်ပဲ သာမာန်ကျန်းမာသန်စွမ်းတဲ့ခလေးငယ်တစ်ယောက်လိုမွေးဖွားလာတာကိုထူးခြားစွာပဲသိလိုက်ရပါတယ်။ ၎င်းတို့မှာ(4)နှစ်အရွယ်သားအကြီးဆုံးနဲ့၊(2)နှစ်အရွယ်သမီးတစ်ယောက်ရှိပီး၊ယခုသမီးလေးကတော့အငယ်ဆုံးလေးဖြစ်ပါတယ်။

အကြီးနှစ်ယောက်လုံးကတော့၊မိဘတွေနည်းတူအာဖရိကလူမည်းခလေးတွေအဖြစ်မွေးဖွားလာပီး၊ယခုသမီးငယ်လေးအလှည့်မှထူးခြားစွာလူဖြူတစ်ယောက်လိုမွေးဖွားလာတာဖြစ်တယ်လို့သိရပါတယ်။၎င်းတို့မိသားစုအတွက်၊ထူးထူးခြားခြားလူ့လောကကိုရောက်လာပေးတဲ့သမီးလေးကြောင့်ဝမ်းသာပျော်ရွှင်ကြရပါတယ်ဆိုပီး ယခုလိုပဲ၎င်းတို့ရဲ့ထူးခြားဖြစ်စဉ်လေးကိုမျှဝေပေးခဲ့ပါတယ်။

Zawgyi




Credit – Bam Bam (Cele Angle)