KNOWLEDGE

ကစားစရာအရုပ်လေး၏ မျက်နှာကို ခေါင်းမှာစွပ်ပြီး သံကြိုးတန်းလန်းနဲ့ ဖျော်ဖြေပေးနေရတဲ့ သနားစရာမျောက်လေး

အင်ဒိုနီးရှားနိုင်ငံ Boyolali ကို လာရောက်လည်ပတ်တဲ့ ခရီးသွားတွေအတွက် မရိုးနိုင်တဲ့ မြင်ကွင်းလေးကတော့ လမ်းဘေးမှာ သံကြိုးချည်ပြီး ကစားစရာအရုပ်ရဲ့ ဦးခေါင်းအခွံလေးကို ဝတ်ဆင်ထားရတဲ့ မျောက်ကလေးတစ်ကောင်ပါ။ ဒီမျောက်ကလေးဟာ အမြှီးရှည်မျောက်မျိုးနွယ် ဖြစ်ပါတယ်။ သူဟာ လမ်းသွားလမ်းလာတွေကို သူ သင်ထားသမျှလေးတွေ ဖျော်ဖြေနေရပါတယ်။ Boyolali မှာ ၁၉၈၀ ခုနှစ်လောက်ကတည်းက မျောက်တွေကို လမ်းပြပွဲတွေမှာ စတင်အသုံးပြုခဲ့ကြပြီး အဲဒီတုန်းကတည်းက မျောက်တွေကို လူတွေလိုဝတ်စားဆင်ယင်စေကာ ငွေကြေးအတွက် ဖျော်ဖြေစေခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီဒေသမှာတော့ အမြှီးရှည်မျောက်တွေ များပြားလှပြီး အများအားဖြင့်တော့ ခရီးသွားဧည့်သည်တွေဆီက ပစ္စည်းပစ္စယတွေ လုလေ့ရှိပါတယ်။ အဲဒီမျောက်တွေဟာ မိခင်နို့စို့အရွယ်ကတည်းကပင် ပစ္စည်းတွေ လုယက်ခိုးယူလေ့ရှိကြပါတယ်။ အဲဒီမျောက်မြှီးရှည်တွေကို ဒေသခံတွေက ဖမ်းဆီးပြီး လူတွေလုပ်လေ့ရှိတဲ့ ဆေးလိပ်သောက်ခြင်း ဆုတောင်းသည့်ပုံစံပြုလုပ်ခြင်းတွေ သင်ကြားပေးပြီး ခရီးသည်တွေဆီကနေပစ်ပေးတဲ့ ငွေအချို့ကို ပိုင်ရှင်တွေက ရယူပါတယ်။

၂၀၁၁ ခုနှစ်မှာတော့ ဂျာကာတာအုပ်ချုပ်ရေးအာဏာပိုင်တွေက ယင်းတို့ရဲ့ နယ်မြေအတွင်းမှာ မျောက်ပွဲပြစားခြင်းတွေ၊ မျောက်ဝယ်ရောင်းလုပ်ခြင်းတွေကို တားဆီးပိတ်ပင်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်မှုတွေကြားမှာ ကယ်ဆယ်နိုင်ခဲ့တဲ့ မျောက်အကောင်ရေ (၄၀)ကျော် ရှိခဲ့ပြီး၊ အဆိုပါမျောက်တွေကို စစ်ဆေးတဲ့အခါ ကူးစက်ရောဂါတွေဖြစ်တဲ့ တီဘီနဲ့ အသည်းရောင်ရောဂါတွေ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာတော့ တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ အသင်းရဲ့ လှုပ်ရှားမှုတွေကြောင့် အင်ဒိုနီးရှားရဲ့ နယ်မြေအကုန်လုံးနီးပါးမှာ မျောက်နဲ့တစ်ခြားတိရစ္ဆာန်တွေကို ပြပြီး ငွေတောင်းရမ်းခြင်းကနေ ပိတ်ပင်ခဲ့ပါတယ်။ သို့ပေမယ့် အားလုံး မြင်တဲ့အတိုင်းပင် အချို့ဒေသတွေမှာတော့ မိရိုးဖလာအလုပ်တစ်ခုလိုဖြစ်နေတဲ့ မျောက်ပြစားခြင်း အစရှိတဲ့ အသက်မွေးဝမ်းကြောင်းမှုလုပ်ငန်းဟာ ရှိနေဆဲပဲဖြစ်ပါတယ်။

Zawgyi

အင္ဒိုနီးရွားနိုင္ငံ Boyolali ကို လာေရာက္လည္ပတ္တဲ့ ခရီးသြားေတြအတြက္ မရိုးနိုင္တဲ့ ျမင္ကြင္းေလးကေတာ့ လမ္းေဘးမွာ သံႀကိဳးခ်ည္ၿပီး ကစားစရာအ႐ုပ္ရဲ႕ ဦးေခါင္းအခြံေလးကို ဝတ္ဆင္ထားရတဲ့ ေမ်ာက္ကေလးတစ္ေကာင္ပါ။ ဒီေမ်ာက္ကေလးဟာ အျမႇီးရွည္ေမ်ာက္မ်ိဳးႏြယ္ ျဖစ္ပါတယ္။ သူဟာ လမ္းသြားလမ္းလာေတြကို သူ သင္ထားသမွ်ေလးေတြ ေဖ်ာ္ေျဖေနရပါတယ္။ Boyolali မွာ ၁၉၈၀ ခုႏွစ္ေလာက္ကတည္းက ေမ်ာက္ေတြကို လမ္းျပပြဲေတြမွာ စတင္အသုံးျပဳခဲ့ၾကၿပီး အဲဒီတုန္းကတည္းက ေမ်ာက္ေတြကို လူေတြလိုဝတ္စားဆင္ယင္ေစကာ ေငြေၾကးအတြက္ ေဖ်ာ္ေျဖေစခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီေဒသမွာေတာ့ အျမႇီးရွည္ေမ်ာက္ေတြ မ်ားျပားလွၿပီး အမ်ားအားျဖင့္ေတာ့ ခရီးသြားဧည့္သည္ေတြဆီက ပစၥည္းပစၥယေတြ လုေလ့ရွိပါတယ္။ အဲဒီေမ်ာက္ေတြဟာ မိခင္နို႔စို႔အ႐ြယ္ကတည္းကပင္ ပစၥည္းေတြ လုယက္ခိုးယူေလ့ရွိၾကပါတယ္။ အဲဒီေမ်ာက္ျမႇီးရွည္ေတြကို ေဒသခံေတြက ဖမ္းဆီးၿပီး လူေတြလုပ္ေလ့ရွိတဲ့ ေဆးလိပ္ေသာက္ျခင္း ဆုေတာင္းသည့္ပုံစံျပဳလုပ္ျခင္းေတြ သင္ၾကားေပးၿပီး ခရီးသည္ေတြဆီကေနပစ္ေပးတဲ့ ေငြအခ်ိဳ႕ကို ပိုင္ရွင္ေတြက ရယူပါတယ္။

၂၀၁၁ ခုႏွစ္မွာေတာ့ ဂ်ာကာတာအုပ္ခ်ဳပ္ေရးအာဏာပိုင္ေတြက ယင္းတို႔ရဲ႕ နယ္ေျမအတြင္းမွာ ေမ်ာက္ပြဲျပစားျခင္းေတြ၊ ေမ်ာက္ဝယ္ေရာင္းလုပ္ျခင္းေတြကို တားဆီးပိတ္ပင္ခဲ့ပါတယ္။ ဒီလိုပိတ္ပင္မႈေတြၾကားမွာ ကယ္ဆယ္နိုင္ခဲ့တဲ့ ေမ်ာက္အေကာင္ေရ (၄၀)ေက်ာ္ ရွိခဲ့ၿပီး၊ အဆိုပါေမ်ာက္ေတြကို စစ္ေဆးတဲ့အခါ ကူးစက္ေရာဂါေတြျဖစ္တဲ့ တီဘီနဲ႕ အသည္းေရာင္ေရာဂါေတြ ခံစားေနရေၾကာင္း စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

၂၀၁၃ ခုႏွစ္မွာေတာ့ တိရစာၦန္အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူမ်ား အသင္းရဲ႕ လႈပ္ရွားမႈေတြေၾကာင့္ အင္ဒိုနီးရွားရဲ႕ နယ္ေျမအကုန္လုံးနီးပါးမွာ ေမ်ာက္နဲ႕တစ္ျခားတိရစာၦန္ေတြကို ျပၿပီး ေငြေတာင္းရမ္းျခင္းကေန ပိတ္ပင္ခဲ့ပါတယ္။ သို႔ေပမယ့္ အားလုံး ျမင္တဲ့အတိုင္းပင္ အခ်ိဳ႕ေဒသေတြမွာေတာ့ မိရိုးဖလာအလုပ္တစ္ခုလိုျဖစ္ေနတဲ့ ေမ်ာက္ျပစားျခင္း အစရွိတဲ့ အသက္ေမြးဝမ္းေၾကာင္းမႈလုပ္ငန္းဟာ ရွိေနဆဲပဲျဖစ္ပါတယ္။

Credit – EX