AMAZING
အသက် ၁၈နှစ်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ပြီး အခက်ခဲတွေကြားထဲမှ ဇွဲမလျှော့ပဲ ကြိုးစားမှုကြောင့် အသက် ၂၅နှစ်မှာ မီလျံနာ သူဌေးမကြီး ဖြစ်လာတဲ့ မိန်းကလေး
အသက် ၁၈နှစ်မှာ ကိုယ်ပိုင်လုပ်ငန်းလုပ်ခဲ့ပြီး အခက်ခဲတွေကြားထဲမှ ဇွဲမလျှော့ပဲ ကြိုးစားမှုကြောင့် အသက် ၂၅နှစ်မှာ မီလျံနာ သူဌေးမကြီး ဖြစ်လာတဲ့ မိန်းကလေး
ယခုဖော်ပြပေးမဲ့အကြောင်းလေးကတော့ လူငယ်တွေအတုယူဖွယ်ကောင်းတဲ့သတင်းလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အကြောင်းကတော့ Mandy Chan ဆိုတဲ့အမျိုးသမီးငယ်လေးဟာ (2015)ခုနှစ်မှာကိုယ်ပိုင်တီထွင်ထားတဲ့အိတ်လေးရောင်းဖို့စီးပွားရေးအငယ်စားလေးအဖြစ်စတင်ခဲ့ပါတယ်။ ယခုအသက်(25)နှစ်မှာတော့၊ The Bold Company ဆိုတဲ့ကုမ္ပဏီ CEO တစ်ယောက်ဖြစ်ခဲ့ပါပြီ။
သူမရဲ့အောင်မြင်မှုကတေ့ာလွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။ သူမအသက်(18)နှစ်မှာစပီး သူမကိုယ်ပိုင်ဖန်တီးမှုဒီဇိုင်းတွေကိုစတင် လေ့လာဖန်တီးဖို့အတွက်ကျောင်းနားခဲ့ပါတယ်။ သူမရဲ့လုပ်ရပ်ကြောင့်မိသားစုကမထောက်ခံပေးခဲ့ကြပါဘူး။Mandy ရဲ့မိသားစုကတော့ကျောင်းပြီးဆုံးအောင်တက်စေချင်တာပါ။ သူမဟာ(11)လကြာဖန်တီးမှုတွေအကောင်ထည်မဖော်နိုင်သေးတဲ့အချိန်မှာ၊တစ်ယောက်တည်းပဲရပ်တည်ခဲ့ရပါတယ်။
သူမဟာသူစိမ်းတွေဆီကနေပဲ၊လိုအပ်တာတွေကိုမျက်မြင်ကိုယ်တွေ့လေ့လာခဲ့ပီး သူမထုတ်မဲ့အိတ်လေးမှာလိုအပ်တဲ့ဒီဇိုင်းနဲ့အထောက်ကူပစ္စည်းတွေကိုတရုတ်ပြည်ဘက်မှာသွားဝယ်ဖို့တစ်ယောက်တည်းခရီးထွက်ခဲ့ရပါတယ်။ ထို့နောက်သူမစိတ်ကြိုက်ဖန်တီးမဲ့ဒီဇိုင်းလိုအပ်တဲ့ပစ္စည်းတွေကိုဝယ်ယူခဲ့ပီး၊ပထမဆုံးဒီဇိုင်းအနေနဲ့ဘီးတပ်အိတ်လေးကိုစထွင်ခဲ့ပါတယ်။
ဒါပေမဲ့အဆင်မပြေပဲ ($20,000)ဆုံးရှုံးခဲ့လိုက်ပါတယ်။တစ်ယောက်တည်းအားနဲ့မို့အဆင်မပြေတာတွေဆက်တိုက်ရှိခဲ့ပေမဲ့လဲ၊ဇွဲမလျှော့ပဲဆက်ကြိုးစားခဲ့ပါတယ်။သူမဟာကျောင်း ပြန်တက်ရင်းအချိန်ပိုင်းအလုပ်လုပ်ကိုင်ခဲ့ပီး စုဆောင်းရရှိတဲ့ငွေနဲ့သူမဖန်တီးချင်တဲ့အိတ်ကိုလက်မလျှော့တမ်းကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။
သူမရဲ့ကြိုးစားမှုကြောင့်(2016)ခုနှစ်ကစပီး၊ပထမဆုံးproduct လေးဟာဆိုရင် နှစ်လအတွင်းအိတ်အလုံးရေ(1,000)ခန့်ရောင်းချနိုင်ခဲ့ပီးယခု(2021)မှာတေ့ာသူမဖန်တီးထားတဲ့အိတ်ဒီဇိုင်းပေါင်း(5,000)ခန့်ဟာ သူမပိုင် The Bow Company ကနေဖြန့်ဖြူးရောင်းချလျက်ရှိပီး အသက်(18)နှစ်နဲ့မီလျံနာသူဌေးမလေးအဖြစ်အများအားကျရတဲ့အမျိုးသမီးငယ်လေးဖြစ်လို့နေခဲ့ပါပြီ။
Credit – Bam Bam (Cele Angle)
Zawgyi
သူမရဲ့ကြိုးစားမှုကြောင့်(2016)ခုနှစ်ကစပီး၊ပထမဆုံးproduct လေးဟာဆိုရင် နှစ်လအတွင်းအိတ်အလုံးရေ(1,000)ခန့်ရောင်းချနိုင်ခဲ့ပီးယခု(2021)မှာတော့သူမဖန်တီးထားတဲ့အိတ်ဒီဇိုင်းပေါင်း(5,000)ခန့်ဟာ သူမပိုင် The Bow Company ကနေဖြန့်ဖြူးရောင်းချလျက်ရှိပီး အသက်(18)နှစ်နဲ့မီလျံနာသူဌေးမလေးအဖြစ်အများအားကျရတဲ့အမျိုးသမီးငယ်လေးဖြစ်လို့နေခဲ့ပါပြီ။