Love & Relationship

ကောင်လေးတွေနဲ့ အကြိမ်ပေါင်း ၆၀ ချိန်းတွေ့ခဲ့သော်လည်း ရည်စားတစ်ယောက်တောင် မရပဲဖြစ်နေသော ကောင်မလေး

ကောင်လေးတွေနဲ့ အကြိမ်ပေါင်း ၆၀ ချိန်းတွေ့ခဲ့သော်လည်း ရည်စားတစ်ယောက်တောင် မရပဲဖြစ်နေသော ကောင်မလေး

တရုတ်နိုင်ငံမှ အသက် ၃၀နှစ်အရွယ် မိန်းကလေးတစ်ဦးသည် Xiamen University မှ မဟာဘွဲ့ကို ရရှိထားပြီး ထူးချွန်ထက်မြက်သည့်အတွက် အလုပ်အကိုင်ကောင်းကို ရရှိထားကာ မိသားစု စားဝတ်နေရေးကို ထောက်ပံ့ပေးနေသည့် သမီးလိမ်မာလေးလည်း ဖြစ်ပါတယ်။

မိန်းကလေးဟာ လိမ်မာရေးခြားရှိပြီး မင်းသမီးလေးလို ချောမောလှပကာ ချစ်စရာကောင်းသည့် အပြုအမူလေးလည်း ရှိသည့်အတွက် ပတ်ဝန်းကျင်၏ ချီးမွမ်းခြင်း ချစ်ခင်ခြင်းများစွာကို ခံခဲ့ရသည်။

သို့သော်လည်း မိန်းကလေးသည် အသက် ၃၀သာပြည့်သွားပြီး ရည်းစားတစ်ယောက်မှ မရှိသေးတာကြောင့် မိဘတို့မှ နောင်ရေးအတွက် စိတ်ပူကာအိမ်ထောင်ဖက်ရှာပေးခဲ့သည်။ ထို့ကြောင့် မိန်းကလေးသည် မိဘတို့သဘော ဆန္ဒအတိုင်း မငြင်းဆန်ပဲ ကောင်လေးအများစုနှင့် ချိန်းတွေ့ခြင်းများ ပြုလုပ်ခဲ့သည်။

မိန်းကလေးမှာ ရုပ်ရည်လေးကလည်းလှ ပညာအရည်အချင်းကလည်း ထက်မြက်နေတာကြောင့် ကောင်လေးအများစုမှာ သူတို့ရဲ့အထက်မှာရှိနေလို့ ကိုယ့်ကိုယ်ကို သိမ်ငယ်မိကာ အရှိန်အဝါကိုကြည့်ပြီး ခပ်လန့်လန့်ဖြစ်နေကြ၍ ရည်းစားတစ်ယောက်မှ မရပဲဖြစ်နေတော့သည်။

Credit – Hlaing (Love Feeling)

Zawgyi





