AMAZING

ငါးသွားဖမ်းရင်း ထူးဆန်းသည့် ငါးမန်းပေါက်လေးကို တွေ့ရှိခဲ့တာကြောင့် စိတ်ရှုပ်ထွေးနေခဲ့ရတဲ့ တံငါသည်များ

ငါးသွားဖမ်းရင်း ထူးဆန်းသည့် ငါးမန်းပေါက်လေးကို တွေ့ရှိခဲ့တာကြောင့် စိတ်ရှုပ်ထွေးနေခဲ့ရတဲ့ တံငါသည်များ

အင်ဒိုနီးရှားနိုင်ငံ၊ Maluku ပြည်နယ်မှာရှိတဲ့ငါးဖမ်းသမားများဟာ မျက်လုံးတစ်ဖက်တည်းပါတဲ့ ငါးမန်းပေါက်လေးကို ငါးမန်းမကြီးတစ်ကောင်ထဲမှာတွေ့ရှိခဲ့ကြပါတယ်။အင်ဒိုနီးရှားတံငါသည်တွေဟာ Malukuပြည်နယ်ရှိ အဖြူရောင်ကိုယ်ထည်နဲ့မျက်လုံးတစ်ဖက်တည်းသာပါရှိတဲ့ငါးမန်းပေါက်လေးကို တွေ့ရှိပြီးနောက် ဦးနှောက်ရှုပ်သွားခဲ့ကြပါတယ်။”ငါးမန်းမကြီးတစ်ကောင်ထဲမှာ အကောင်ပေါက်သုံးကောင်ကိုကျွန်တော်တို့တွေ့ခဲ့တယ်၊ဒါပေမယ့်တစ်ကောင်က မျက်လုံးတစ်လုံးတည်းရှိနေပြီးသူ့အရောင်ကလည်း နို့အရောင်လိုထူးဆန်းနေခဲ့တယ်”ဟု တံငါသည်တွေထဲမှ၂၉ နှစ်အရွယ်ရှိ Andy ကပြောပြခဲ့ပါတယ်။

ထူးဆန်းတဲ့လက္ခဏာတွေကြောင့်ငါးမန်းပေါက်ဟာ လူတိုင်းရဲ့အာရုံကိုဖမ်းစားခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတဲ့ရှာဖွေတွေ့ရှိမှုအပြီးမှာတော့ သူတို့ဟာ ငါးမန်းပေါက်တွေကိုစမ်းသပ်ဖို့အတွက် ရေကြောင်းအာဏာပိုင်တွေကိုချက်ချင်းသတိပေးခဲ့ကြပါတယ်။The Sun သတင်းဖော်ပြချက်တစ်ခုအရ အဆိုပါ ငါးမန်းပေါက်မှာ `Cyclopia’ ဟုခေါ်တဲ့ရှားပါးမွေးရာပါရောဂါရှိနေကြောင်း သိရှိရပြီး ထို့အပြင်ငါးမန်းပေါက်မှာ နို့ကဲ့သို့သောအရောင်ဖြစ်နေခြင်းဟာ ဖြူရောင်စွဲရောဂါရှိနေခြင်းကြောင့် ဖြစ်ပါတယ်။

အဆိုပါငါးမန်းပေါက်အကြောင်းဟာ onlineပေါ်ပျံ့နှံ့သွားခဲ့ပြီး အချို့အင်တာနက်အသုံးပြုသူတွေက ထူးခြားတဲ့လက္ခဏာတွေနဲ့ငါးမန်းပေါက်ကို Monsters University၊ Monsters,Inc စတဲ့ကာတွန်းရုပ်ရှင်ဇာတ်ကားတွေထဲက ဇာတ်ကောင် Mike Wazowski နှင့်တူကြောင်းနှိုင်းယှဉ်ခဲ့ကြပါသေးတယ်။

Credit – Jasmine (Mckzone Daily)