AMAZING

ပိုင်ရှင်မသိအောင် Amazon ကနေ ပစ္စည်းတွေလှမ်းမှာယူခဲ့တဲ့ ကြက်တူရွေးလေးရဲ့ အဖြစ်

ပိုင်ရှင်မသိအောင် Amazon ကနေ ပစ္စည်းတွေလှမ်းမှာယူခဲ့တဲ့ ကြက်တူရွေးလေးရဲ့ အဖြစ်

အသက် 5 နှစ်အရွယ် အိမ်မွေးကြက်တူရွေးတစ်ကောင်ဖြစ်တဲ့ Buddy ဟာ ကမ္ဘာကျော် အိမ်အရောက်ပစ္စည်းဝန်ဆောင်မှုပေးတဲ့ ကုမ္မဏီကို ပစ္စည်းတွေတိုက်ရိုက်မှာယူခဲ့တယ်လို့ The Sun မှာ ဖော်ပြထားပါတယ်။ ကြက်တူရွေးတွေဟာ လူစကား တစ်လုံးစနှစ်လုံးစကို လိုက်လံပြောဆိုနိုင်တဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဖြစ်ကြပါတယ်။ Buddy ဟာ အာဖရိကမီးခိုးရောင်ကြက်တူရွေးအမျိုးအစားဖြစ်ပြီး၊ သူရဲ့ ပိုင်ရှင် Corienne Pretorius (39)နှစ် အိမ်မှာမရှိခင်မှာ Amazon ကနေ ပစ္စည်းတွေ တိတိကျကျ မှာယူထားခဲ့ပါတယ်။

Buddy မှာယူတဲ့ ပစ္စည်းတန်ဖိုးဟာ 10 ပေါင် သာ ကျသင့်ပြီး၊ ရွှေရောင်လက်ဆောင်သေတ္တာတစ်ခုကို မှာယူခဲ့တာပါ။ တကယ်တော့ Buddy ရဲ့ အနီးအနားမှာ Amazon ကွန်ယက်နဲ့ ချိတ်ဆက်ထားတဲ့ ပေါင် 150 ပေးထားရသည့် Alexa တံဆိပ် Amazon Echo Smart Speaker တပ်ဆင်ထားပြီး၊ အသံမက်ဆေ့ပေးပို့ကာ မှာယူနိုင်ဖို့ စီစဉ်ထားပါတယ်။ အဆိုပါ စပီကာဆီကို Buddy က လက်ဆောင်သေတ္တာတစ်ခု မှာယူခဲ့တာပါ။

ယင်းနောက်မှာတော့ Amazon က အသံအော်ဒါကို လက်ခံခဲ့ပြီး၊ မကြာမီမှာ ရွှေရောင် လက်ဆောင်သေတ္တာ တစ်ခုကို လာရောက်ပို့ပေးခဲ့ပါတယ်။ ဒီအခါမှာတော့ ပိုင်ရှင် Corienne ဟာ အံ့သြနေပြီး၊ သူမလည်း မှာယူခြင်းမရှိပါဘဲ ပစ္စည်းတွေက ရောက်လာလို့ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ဒီ Order ကို Buddy က ပြုလုပ်ခဲ့တာဖြစ်ကြောင်း သိခဲ့ရတာပါ။

Corienne ဟာ သူမရဲ့ ခင်ပွန်းနဲ့ သားလေးကိုလည်း ဒီပစ္စည်းတွေ မှာကြသလားလို့ မေးမြန်းခဲ့ပါသေးတယ်။ ခင်ပွန်းနဲ့ သားဖြစ်သူက သူတို့ မမှာကြောင်း ငြင်းပယ်ခဲ့ပါတယ်။ နောက်တော့ ပစ္စည်းမှာသူ ဘယ်သူဖြစ်နိုင်မလဲ ရှာဖွေတဲ့အခါမှာ ကြက်တူရွေးအိမ်နားမှာ Activated ဖြစ်နေသေးတဲ့ Alexa စပီကာကို တွေ့ခဲ့ရတာပါ။

Corienne က ” တကယ်ပြောရရင် သူက ဒီပစ္စည်းတွေ မှာတယ်ဆိုတာ သိတော့ ကျမ အလွန်အံ့သြခဲ့ရပါတယ် … စကားပြောကိရိယာက သူ့လှောင်အိမ်အနားကို ထားခဲ့မိတာကိုး … “လို့ ပြောခဲ့ပါတယ်။ Buddy ဟာ အိမ်တွင်းအလှဆင်ပစ္စည်းခြောက်မျိုးအထိ မှာယူခဲ့ပြီး၊ Amazon ကလည်း အသေးစိတ် အကြောင်းပြန်ပေးခဲ့ပါတယ်။

Zawgyi

ပိုင္ရွင္မသိေအာင္ Amazon ကေန ပစၥည္းေတြလွမ္းမွာယူခဲ့တဲ့ ၾကက္တူေ႐ြးေလးရဲ႕ အျဖစ္

အသက္ 5 ႏွစ္အ႐ြယ္ အိမ္ေမြးၾကက္တူေ႐ြးတစ္ေကာင္ျဖစ္တဲ့ Buddy ဟာ ကမာၻေက်ာ္ အိမ္အေရာက္ပစၥည္းဝန္ေဆာင္မႈေပးတဲ့ ကုမၼဏီကို ပစၥည္းေတြတိုက္ရိုက္မွာယူခဲ့တယ္လို႔ The Sun မွာ ေဖာ္ျပထားပါတယ္။ ၾကက္တူေ႐ြးေတြဟာ လူစကား တစ္လုံးစႏွစ္လုံးစကို လိုက္လံေျပာဆိုနိုင္တဲ့ အိမ္ေမြးတိရစာၦန္ေတြ ျဖစ္ၾကပါတယ္။ Buddy ဟာ အာဖရိကမီးခိုးေရာင္ၾကက္တူေ႐ြးအမ်ိဳးအစားျဖစ္ၿပီး၊ သူရဲ႕ ပိုင္ရွင္ Corienne Pretorius (39)ႏွစ္ အိမ္မွာမရွိခင္မွာ Amazon ကေန ပစၥည္းေတြ တိတိက်က် မွာယူထားခဲ့ပါတယ္။

Buddy မွာယူတဲ့ ပစၥည္းတန္ဖိုးဟာ 10 ေပါင္ သာ က်သင့္ၿပီး၊ ေ႐ႊေရာင္လက္ေဆာင္ေသတၱာတစ္ခုကို မွာယူခဲ့တာပါ။ တကယ္ေတာ့ Buddy ရဲ႕ အနီးအနားမွာ Amazon ကြန္ယက္နဲ႕ ခ်ိတ္ဆက္ထားတဲ့ ေပါင္ 150 ေပးထားရသည့္ Alexa တံဆိပ္ Amazon Echo Smart Speaker တပ္ဆင္ထားၿပီး၊ အသံမက္ေဆ့ေပးပို႔ကာ မွာယူနိုင္ဖို႔ စီစဥ္ထားပါတယ္။ အဆိုပါ စပီကာဆီကို Buddy က လက္ေဆာင္ေသတၱာတစ္ခု မွာယူခဲ့တာပါ။

ယင္းေနာက္မွာေတာ့ Amazon က အသံေအာ္ဒါကို လက္ခံခဲ့ၿပီး၊ မၾကာမီမွာ ေ႐ႊေရာင္ လက္ေဆာင္ေသတၱာ တစ္ခုကို လာေရာက္ပို႔ေပးခဲ့ပါတယ္။ ဒီအခါမွာေတာ့ ပိုင္ရွင္ Corienne ဟာ အံ့ၾသေနၿပီး၊ သူမလည္း မွာယူျခင္းမရွိပါဘဲ ပစၥည္းေတြက ေရာက္လာလို႔ျဖစ္ပါတယ္။ ဒါေပမယ့္ ေနာက္ပိုင္းမွာ ဒီ Order ကို Buddy က ျပဳလုပ္ခဲ့တာျဖစ္ေၾကာင္း သိခဲ့ရတာပါ။

Corienne ဟာ သူမရဲ႕ ခင္ပြန္းနဲ႕ သားေလးကိုလည္း ဒီပစၥည္းေတြ မွာၾကသလားလို႔ ေမးျမန္းခဲ့ပါေသးတယ္။ ခင္ပြန္းနဲ႕ သားျဖစ္သူက သူတို႔ မမွာေၾကာင္း ျငင္းပယ္ခဲ့ပါတယ္။ ေနာက္ေတာ့ ပစၥည္းမွာသူ ဘယ္သူျဖစ္နိုင္မလဲ ရွာေဖြတဲ့အခါမွာ ၾကက္တူေ႐ြးအိမ္နားမွာ Activated ျဖစ္ေနေသးတဲ့ Alexa စပီကာကို ေတြ႕ခဲ့ရတာပါ။

Corienne က ” တကယ္ေျပာရရင္ သူက ဒီပစၥည္းေတြ မွာတယ္ဆိုတာ သိေတာ့ က်မ အလြန္အံ့ၾသခဲ့ရပါတယ္ … စကားေျပာကိရိယာက သူ႕ေလွာင္အိမ္အနားကို ထားခဲ့မိတာကိုး … “လို႔ ေျပာခဲ့ပါတယ္။ Buddy ဟာ အိမ္တြင္းအလွဆင္ပစၥည္းေျခာက္မ်ိဳးအထိ မွာယူခဲ့ၿပီး၊ Amazon ကလည္း အေသးစိတ္ အေၾကာင္းျပန္ေပးခဲ့ပါတယ္။