AMAZING
အမြင့် 51 cmသာရှိပြီး ကမ္ဘာ့အရပ်ပုဆုံး နွားအဖြစ်စံချိန်တင်ခဲ့တဲ့ (23 လ) အရွယ်နွားလေး
အမြင့် 51 cmသာရှိပြီး ကမ္ဘာ့အရပ်ပုဆုံး နွားအဖြစ်စံချိန်တင်ခဲ့တဲ့ (23 လ) အရွယ်နွားလေး
ကမ္ဘာ့အသေးဆုံးနွားလေးဖြစ်တဲ့ Rani ဆိုတဲ့နွားလေးဟာ ဘဂ်လားဒေ့ရ်ှနိုင်ငံကလယ်သမားတစ်ဦးရဲ့နွားပဲဖြစ်ပါတယ်။ နွားလေး Rani ဟာ(23)လအရွယ်ရှိပီးအမြင့်(51cm)၊အလေးချိန်အားဖြင့် (28kg)သာရှိသာရှိပီး အရွယ်လိုက်ဖွံ့ဖြိုးရမဲ့အရွယ်စားထက်ကိုသေးလွန်းတာကြောင့်အသေးဆုံးနွားလေးအဖြစ်နာမည်ကြီးနေပီး Ranin လေးရဲ့ထူးခြားတဲ့အသွင်ပြင်ကြောင့်လာရောက်ကြည့်ရှူသူများနဲ့စည်ကားနေခဲ့ပါတယ်။
Rani ရဲ့ပိုင်ရှင်ကတော့ယခုလိုအသေးဆုံးနွားကိုဘယ်နိုင်ငံမှာမှမတွေ့ဖူးမကြုံဖူးသေးတာမို့၊ Rani ကို Guinness World Records စံချိန်မှာမှတ်တမ်းတင်ထားသင့်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ Guiness team ကတော့၊နောက်နှစ်မှ နွားလေး Rani ကိုသွားရောက်ကြည့်ရှုပီးမှတ်တမ်းတင်သင့်မတင်သင့်ဆုံးဖြတ်မှာပါ။
(2014)ခုနှစ်တုန်းကတော့အမြင့်(61.1 cm)သာရှိတဲ့အိန္ဒိယနွားလေးကို Guiness မှတ်တမ်းတင်ထားခဲ့တာကိုသိရှိရပါတယ်။ယခု Rani လေးဟာယခင်စံချိန်ထက်ပိုသေးတာကြောင့် ၊Guiness စံချိန်ချိုးပီးမှတ်တမ်းတင်နိုင်လိမ့်မယ်လို့မှတ်ချက်ပေးနေကြပါတယ်။
Credit – Bam Bam (Cele Angle)
Zawgyi