AMAZING

ကွာရှင်းထားခဲ့တာကြာပြီဖြစ်ပေမဲ့ နှစ်ပေါင်းများစွာကြာမှ သူ့မှာ ကလေး ၂၅ ယောက်ရှိနေမှန်းကိုသိခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့ အဖြစ်

ကွာရှင်းထားခဲ့တာကြာပြီဖြစ်ပေမဲ့ နှစ်ပေါင်းများစွာကြာမှ သူ့မှာ ကလေး ၂၅ ယောက်ရှိနေမှန်းကိုသိခဲ့ရတဲ့ အမျိုးသားတစ်ဦးရဲ့ အဖြစ်

လွန်ခဲ့တဲ့ ၈၀ ပြည့်လွန်နှစ်များက သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့တဲ့ Peter Ellenstein အမည်ရှိအမျိုးသားဟာ သုက်ပိုးလှူဒါန်းခြင်းဘဏ်သို့ သူ့ရဲ့သုတ်ပိုးများအား ပုံမှန်လှူဒါန်းပေးခဲ့ပါတယ်။ သူဟာ အမည်မသိအလှူရှင်တစ် ဦးဖြစ်ပြီး သူ့ရဲ့သုက်ရည်ဘဏ်အား မည်သူမည်ဝါဖြစ်ကြောင်းထုတ်ဖော်ပြောကြားရန်မည်သူမျှ မတောင်းဆိုခဲ့ကြပါဘူး။ Peter ဟာ နောက်ဆုံးတွင် အိမ်ထောင်ကျသွားခဲ့ပြီးကွာရှင်းလိုက်သော်လည်း သူ့မှာ ကိုယ်ပိုင်သားသမီးမရှိခဲ့ပါဘူး။

ထိုအစား သူဟာ နောက်ထပ်ဆယ်စုနှစ်အနည်းငယ်အတွင်း ထူးဆန်းတဲ့အလုပ်များစွာကို ကုန်းလုပ်ခဲ့ပြီး အဆုံးကိုရောက်ရန် ခက်ခဲရုန်းကန်ခဲ့ရပါတယ်။ အသက် ၅၇ နှစ်အရွယ်တွင် Peter ဟာ Uber ယာဉ်မောင်းအဖြစ် လုပ်ကိုင်ခဲ့ပြီး သူ့ရဲ့သရုပ်ဆောင်အိမ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ ထို့အပြင် သူဟာ အတိတ်က သုက်ပိုးအလှူရှင်တစ်ဦးဖြစ်ခဲ့တဲ့သူ့ရဲ့နေ့ရက်များကိုပါ မေ့လျော့နေခဲ့ရပါတယ်။

ထို့ပေမဲ့ ၂၀၁၇ ခုနှစ်အောက်တိုဘာလရှိ တစ်နေ့မှာ Peter ဟာ Facebook မှ Rachel အမည်ရှိအမျိုးသမီးငယ်တစ်ဦးထံမှ သတင်းစကားကိုလက်ခံရရှိခဲ့ရပါတယ်။ ထို့နောက် Rachel ဟာ သူမက single မိခင်တစ်ဦးမှကြီးပြင်းလာခဲ့ပြီး Peter ဟာ သူမရဲ့ဖခင်အရင်းဖြစ်ကြောင်းပြောပြခဲ့ပြီး တစ်ကယ်တမ်း Peter ဟာ သူ့ရဲ့သုက်ပိုးအလှူကြောင့် သူ့မှာ အနည်းဆုံးကလေး ၂၅ ယောက်နေခဲ့ရှိကြောင်းကိုပါ သိခဲ့ရပါတယ်။

Rachel ဟာ Peter ကို မသိမီမှာ သူမရဲ့ဖခင်အရင်းကိုရှာရန် နှစ်ပေါင်းများစွာကြိုးစားခဲ့ရပါတယ်။ သူမဟာ သူမရဲ့ DNA ကို အခြားအလှူရှင်မောင်နှမ ၁၁ ယောက်နဲ့အတူ တွဲခဲ့ပြီး ၎င်းတို့ဟာ စုပေါင်းအဖွဲ့အဖြစ် စုံစမ်းစစ်ဆေးဖို့အတူတကွ အလုပ်လုပ်ခဲ့ပါတယ်။ အချိန်ကြာလာသည်နှင့်အမျှ Peter Ellenstein ဟာ ၎င်းတို့၏အလှူရှင်ဖြစ်နေတာကို သိခဲ့ကြရပြီး ၎င်းတို့ဟာ Peter ရဲ့ နာမည်ကို Google search မှာ ရိုက်ရှာပြီး Peter ရဲ့ Facebook proflie ကိုပါ ရှာတွေ့ခဲ့ကြတာကြောင့် ၎င်းတို့ရဲ့ဖခင်ဟာ တစ်ချိန်က LA မှသရုပ်ဆောင်တစ်ဦး ဖြစ်နေခဲ့တာကိုပါ သိခဲ့ကြရပါတယ်။

ထို့နောက် Peter ဟာ ၎င်းသတင်းစကားများကြောင့် အလွန်ပင်အံ့အားသင့်သွားခဲ့ရပါတယ်။ နောက်ဆုံး များစွာစေ့စပ်ဆွေးနွေးခဲ့ပြီးနောက် Peter ဟာ Rachel နှင့်တွေ့ဆုံရန် သဘောတူခဲ့ပါတယ်။ သူ့ရဲ့သဘောတူမှုကြောင့် အခြားသော သူမွေးဖွားပေးခဲ့တဲ့ကလေးများကလည်း သူနှင့်ဆက်သွယ်ကာ တွေ့ဆုံခွင့်ရဖို့ ကြိုးစားလာခဲ့ကြပါတယ်။ နောက်ဆုံးမှာ Peter ဟာလည်း ၎င်းကလေးများအားလုံးကို တစ်နေရာတည်း အတူတူတွေ့ဆုံရန် ဆုံးဖြတ်ကာ သဘောတူခဲ့ရပါတယ်။ လက်ရှိမှာတော့ Peter ဟာ သူ့ရဲ့ ကလေးများအားလုံးနှင့် အဆက်အသွယ်မပြတ်ရှိနေလျက်ရှိပါတယ်။

Credit – Mia (Mckzone Daily)