KNOWLEDGE

ချစ်သူရှာဖို့အတွက် (၆)မိုင်ခရီးကိုတစ်ရက်တည်းရောက်အောင် ပြေးခဲ့တဲ့.အသက်(၇၀)လိပ် အဖိုးအို

ချစ်သူရှာဖို့အတွက် (၆)မိုင်ခရီးကိုတစ်ရက်တည်းရောက်အောင် ပြေးခဲ့တဲ့.အသက်(၇၀)လိပ် အဖိုးအို

အချစ်ဆိုတာ သက်ရှိသတ္တဝါတိုင်းအတွက် အရေးကြီးပါတယ်။ သစ်ပင်တွေလည်း သူတို့နဲ့ မျိုးဗီဇတူတဲ့ အချစ်ကို ရှာရသလို၊ တိရစ္ဆာန်တွေလည်း သူတို့နဲ့ အနွယ်တူတွေကို ပိုးရပန်းရပါတယ်။ လူတွေမှာလည်း အချစ်က အလွန်အရေးကြီးပြီး ဘဝတစ်ခုစာလောက်တောင် ကိုးကွယ်အရေးထားခြင်း ခံရတဲ့အထိပါ။ အချစ်ကိစ္စမှာ ဘယ်သူမှ တရားလွန်တယ်ဆိုတာ မရှိဘူးလို့ ဆိုရမှာပါ။

ယခုအခါလည်း The Sun သတင်းစာမှာ ဖော်ပြထားတဲ့ အသက် 70 အရွယ် လိပ်အဖိုးကြီးကတော့ သူရဲ့ ကာလရှည် မျိုသိပ်ထားရတဲ့ အချစ်တွေ ပေါက်ကွဲဖို့ ပိုင်ရှင်မသိအောင် လှောင်အိမ်ကနေ ထွက်ပြေးခဲ့ပါတယ်။ သူ ဦးတည်တဲ့နေရာကတော့ ခြောက်မိုင်အကွာက ဒေသခံတိရစ္ဆာန်ရုံလေးဆီကို ဖြစ်ပါတယ်။ အဲဒီမှာ သူနဲ့ လိုက်ဖက်မယ့် လိပ်ပျိုမလေး ရောက်နေတယ်လို့ ဆိုပါတယ်။ လိပ်ကြီးရဲ့ အမည်မှာ Freddie ဖြစ်ပြီး၊ သူဟာ Jersey Zoo မှာ ရောက်ရှိနေတဲ့ လိပ်မလေး Astrid ကို ပိုးပန်းဖို့ သွားရောက်ခဲ့တာပါ။

ယခုရာသီကလည်း လိပ်တွေ မျိုးပွားမိတ်လိုက်တဲ့ ရာသီမို့ သူ့မှာလည်း ဒီဆန္ဒက ဘယ်ချိုးနှိမ်ထားရမလဲလေ။ သူဟာ တစ်နာရီကို 0.25 မိုင်နှုန်းနဲ့ ခြောက်မိုင်အကွာကို တစ်နေ့တည်း မနားတမ်း ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် Freddie ဟာ 15 နှစ်အရွယ် Astrid ကို တွေ့ခွင့်မရခဲ့ပါဘူး။ အကြောင်းကတော့ သူ့ကို Jersey Zoo တိရစ္ဆာန်ရုံနောက်ကျော်အနီးမှာ ဖြတ်သွားဖြတ်လာတစ်ယောက်ကတွေ့ပြီး လိပ်လှောင်အိမ်ထဲမှာ ထည့်ထားခဲ့လို့ပါ။ ဒီလောက်ခရီးကို တစ်ရက်အတွင်း ရောက်အောင်သွားခဲ့တဲ့ Freddie ရဲ့ လုပ်ဆောင်မှုကို ပိုင်ရှင်တွေက အံ့သြနေကြပါတယ်။

Freddie ကို ပြန်လည်ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အင်္ဂလန်နိုင်ငံ St Mary, Jersey မှာ နေထိုင်တဲ့ ပိုင်ရှင် Joanne (53)နှစ်ကတော့ သူရဲ့ လိပ်အား လှုပ်ရှားမှုနှေးကွေးတဲ့ လိပ်တစ်ကောင်ဆိုပေမယ့် ဒီလောက် မိုင်အများကြီးကို တစ်ရက်တည်း ရောက်လိမ့်မယ်လို့ ဘယ်တုန်းကမှ ထင်မထားခဲ့ဘူးလို့ ဆိုပါတယ်။ Joanne က ” သူက အတော်လေး နှေးတဲ့လိပ်တွေထဲမှာ ပါဝင်ပါတယ် … ဒါပေမယ့် သူရဲ့ အဖော်ကို တွေ့ရဖို့ အမြန်ဆုံး အားထုတ်ခဲ့ပုံရပါတယ် ။ အရင်ကလည်း သူ ပျောက်သွားဖူးလို့ နောက်တစ်ခါ ပြန်တွေ့တဲ့အခါမှာတော့ သူ့ရဲ့ အခွံကို လိပ်စာရေးပေးထားရပါတယ် Freddie က ကျမတို့ဆီကို ရောက်နေတာ ဆယ်စုနှစ်တစ်နှစ်စာ ကျော်သွားပါပြီ”လို့ ပြောခဲ့ပါတယ်။

Credit – EX