AMAZING

ကြီးမားတဲ့ မှဲ့များ တကိုယ်လုံးနီးပါး ပေါက်နေပေယ့် Miss Universe ပြိုင်ပွဲမှာယုံကြည်မှုရှိရှိဝင်ပြိုင်ခဲ့တဲ့အမျိုးသမီး

ကြီးမားတဲ့ မှဲ့များ တကိုယ်လုံးနီးပါး ပေါက်နေပေယ့် Miss Universe ပြိုင်ပွဲမှာယုံကြည်မှုရှိရှိဝင်ပြိုင်ခဲ့တဲ့အမျိုးသမီး

မလေးရှားနိုင်ငံအသက်(20)အရွယ် Evita ဆိုတဲ့အမျိုးသမီးဟာ အများနဲ့မတူပဲတကိုယ်လုံးနီးပါးမှဲ့များစွာရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ အချို့မှဲ့တွေဟာဆိုရင်သာမာန်မှဲ့တွေထက်ကိုကြီးမားတာတွေရှိပါတယ်။ သူမရဲ့အိမ်မက်ကတော့အလှဘုရင်မတစ်ယောက်ဖြစ်ချင်ခဲ့တာကြောင့်ဆိုပြီး ယခုမလေးရှားနိုင်ငံမှာကျင်းပတဲ့ Miss Universe အလှမယ်ရွေးချယ်ပွဲကြီးမှာဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။

သူမရဲ့ယုံကြည်မှုအပြည့်ရှိတဲ့စိတ်ဓာတ်ကြောင့်၊ Organizer ကလဲလိုအပ်တာတွေထောက်ပံ့အားပေးခဲ့ပါတယ်။ သူမရဲ့ထူးခြားတဲ့အသွင်ပြင်ကြောင့်ကျောင်းမှာကဲ့ရဲ့လှောင်ပြောင်ခံခဲ့ရတာတွေရှိပီး၊အချို့သောရွယ်တူသူငယ်ချင်းများကသူမကိုပင် Monster ဆိုပီးနာမည်တပ်ခေါ်တဲ့ထိကိုလှောင်ပြောင်ခံခဲ့ရပါတယ်။ခုလိုပြိုင်ပွဲမှာဝင်ပြိုင်ခြင်းဟာလဲ သူမအတွက်အကြီးမားဆုံးစိန်ခေါ်မှုတစ်ရပ်ဖြစ်တယ်ဆိုရမှာပါ။

သူမအနေနဲ့ယုံကြည်ချက်ရှိရှိနဲ့အခြားအလှမယ်တွေနဲ့တန်းတူယှဉ်ပြိုင်နိုင်ဖို့သာအဓိကကျတာမို့၊သူမကိုပြိုင်ပွဲမှာထိုက်တန်တဲ့ဆုတဆုတော့ရပါစေဆိုပီး Netizen များကဝိုင်းဝန်းဆုတောင်းအားပေးခဲ့ကြပါတယ်။

.

.

.

.

Credit – Bam Bam (Cele Angle)

Zawgyi

ႀကီးမားတဲ့ မွဲ႕မ်ား တကိုယ္လုံးနီးပါး ေပါက္ေနေပယ့္ Miss Universe ၿပိဳင္ပြဲမွာယုံၾကည္မႈရွိရွိဝင္ၿပိဳင္ခဲ့တဲ့အမ်ိဳးသမီး

မေလးရွားနိုင္ငံအသက္(20)အ႐ြယ္ Evita ဆိုတဲ့အမ်ိဳးသမီးဟာ အမ်ားနဲ႕မတူပဲတကိုယ္လုံးနီးပါးမွဲ႕မ်ားစြာရွိတဲ့သူတစ္ေယာက္ျဖစ္ပါတယ္။ အခ်ိဳ႕မွဲ႕ေတြဟာဆိုရင္သာမာန္မွဲ႕ေတြထက္ကိုႀကီးမားတာေတြရွိပါတယ္။ သူမရဲ႕အိမ္မက္ကေတာ့အလွဘုရင္မတစ္ေယာက္ျဖစ္ခ်င္ခဲ့တာေၾကာင့္ဆိုၿပီး ယခုမေလးရွားနိုင္ငံမွာက်င္းပတဲ့ Miss Universe အလွမယ္ေ႐ြးခ်ယ္ပြဲႀကီးမွာဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ပါတယ္။

သူမရဲ႕ယုံၾကည္မႈအျပည့္ရွိတဲ့စိတ္ဓာတ္ေၾကာင့္၊ Organizer ကလဲလိုအပ္တာေတြေထာက္ပံ့အားေပးခဲ့ပါတယ္။ သူမရဲ႕ထူးျခားတဲ့အသြင္ျပင္ေၾကာင့္ေက်ာင္းမွာကဲ့ရဲ႕ေလွာင္ေျပာင္ခံခဲ့ရတာေတြရွိပီး၊အခ်ိဳ႕ေသာ႐ြယ္တူသူငယ္ခ်င္းမ်ားကသူမကိုပင္ Monster ဆိုပီးနာမည္တပ္ေခၚတဲ့ထိကိုေလွာင္ေျပာင္ခံခဲ့ရပါတယ္။ခုလိုၿပိဳင္ပြဲမွာဝင္ၿပိဳင္ျခင္းဟာလဲ သူမအတြက္အႀကီးမားဆုံးစိန္ေခၚမႈတစ္ရပ္ျဖစ္တယ္ဆိုရမွာပါ။

သူမအေနနဲ႕ယုံၾကည္ခ်က္ရွိရွိနဲ႕အျခားအလွမယ္ေတြနဲ႕တန္းတူယွဥ္ၿပိဳင္နိုင္ဖို႔သာအဓိကက်တာမို႔၊သူမကိုၿပိဳင္ပြဲမွာထိုက္တန္တဲ့ဆုတဆုေတာ့ရပါေစဆိုပီး Netizen မ်ားကဝိုင္းဝန္းဆုေတာင္းအားေပးခဲ့ၾကပါတယ္။

Credit – Bam Bam (Cele Angle)